စထရာဘိုးနှင့်ပွဲတွင် နေမာ ပါဝင်ကစားဖွယ်ရှိနေ

စထရာဘိုးနှင့်ပွဲတွင် နေမာ ပါဝင်ကစားဖွယ်ရှိနေ
Published 14 September 2019

PSG တိုက်စစ်ကစားသမား နေမာသည် ယနေ့၌ စထရာဘိုးနှင့်ကစားမည့်အိမ်ကွင်းပွဲစဉ်တွင် အသင်းနှင့်(၄)လကြာ ကင်းကွာနေရာမှ ပထမဆုံးပြန်လည်ကစားမည်ဖြစ်ကြောင်း သိရသည်။

PSG အသင်းနည်းပြ တူဟယ်လ်က '' ကျွန်တော်တို့အသင်းလူစာရင်းမှာ နေမာ ပါဝင်ပါတယ်။ ဒါကတော့ အသေအချာပါပဲ။ သူပြန်လာဖို့ လိုအပ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားဖြစ်သူ နေမာသည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် PSG အသင်းနှင့်သာ တတိယမြောက်ရာသီကို ဖြတ်သန်းသွားရမည်ဖြစ်သည်။

သို့သော် နေမာအနေဖြင့် အိမ်ကွင်းပွဲစဉ်တွင် PSG အသင်းပရိသတ်များ၏ ရန်လိုသောအပြုအမူများနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး တူဟယ်လ်က ''ပရိသတ်အားလုံးကို လက်ရှိအခိုက်အတန့်မှာ မပျော်မရွှင်ဖြစ်နေတာကို လက်ခံပါတယ်။ တုံ့ပြန်မှုတွေကို လွှမ်းမိုးနိုင်ဖို့၊ ပရိသတ်တွေကို ထိန်းချုပ်နိုင်ဖို့ ကျွန်တော် မလုပ်နိုင်ပါဘူး။ ကျွန်တော့်အသင်းကိုပဲ ကျွန်တော် ထိန်းချုပ်နိုင်ပါတယ်''ဟု မှတ်ချက်ပြုခဲ့သည်။

Most Read

Most Recent