ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့် ဥရောပပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 13 September 2019

မာယော့ကာ နှင့် ဘီလ်ဘာအို (စနေနံနက် ၁:၃၀ နာရီ)

ဒီရာသီအစကို ဘီလ်ဘာအို တည်တည်ငြိမ်ငြိမ်နဲ့ပွဲထွက်လာနိုင်တာ တွေ့ရတယ်။ အသင်းကလည်း အပြောင်းအလဲ မရှိသလောက်ဖြစ်လို့ ကစားပုံပါ ငြိမ်နေတယ်လို့ ပြောနိုင်တယ်။ မာယော့ကာ ကစားအားကောင်းပေမယ့် လာလီဂါ၀ါရင့်အသင်းတွေကို မယှဉ်နိုင်သေးဘူးဆိုတာ ဗလင်စီယာ၊ ဆိုစီဒက်တို့လို အသင်းတွေကို အရှုံးပေးခဲ့ရတာကနေ တွေ့နေရတယ်။ ဒါကြောင့် ဘီလ်ဘာအိုကိုလည်း အလွန်ဆုံးသရေထက် ပိုကစားနိုင်ဖို့ မရှိဘူး။ အဝေးကွင်းပေမယ့် ကစားအားပိုသာတဲ့ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းကိုပဲ ကြိုက်နေမိတယ်။

ဒစ်ဆယ်ဒေါ့ဖ် နှင့် ဝုလ်ဖ်ဘတ် (စနေနံနက် ၁:၀၀ နာရီ)

ဟာသာဘာလင်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ခြေစွမ်းမျိုး ဝုလ်ဖ်ဘတ်ထံက ထပ်မျှော်လင့်လို့မရနိုင်ပါဘူး။ ဒစ်ဆယ်ဒေါ့ဖ် အမှတ်ယူမှာပါ။

လိုင်လီ နှင့် အန်ဂါစ် (သောကြာည ၁၁:၃၀ နာရီ)

လိုင်လီ ခြေကျသွားပေမယ့် အိမ်ကွင်းမှာ အဆိပ်ပြင်းပြီး တိုက်စစ်ထက်မြက်တယ်။ အန်ဂါစ်ကလည်း ခြေတက်နေချိန်ပါ။ အပြန်အလှန်သွင်းဂိုးတွေနဲ့ လိုင်လီ နိုင်သွားပါလိမ့်မယ်။

အာမီယန်စ် နှင့် လိုင်ယွန် (စနေနံနက် ၁:၁၅ နာရီ)

လိုင်ယွန်အသင်း ကမောက်ကမရလဒ်တွေကို အဆုံးသတ်ချင်နေပါလိမ့်မယ်။ အာမီယန်စ်က ဂိုးသွင်းခြေမရှိပါဘူး။ လိုင်ယွန်ဂိုးနည်းနည်းနဲ့ နိုင်ပွဲယူသွားမယ်။

 

Most Read

Most Recent