အီဘရာဟီမိုဗစ်၏ ကြေးရုပ်တု ဖွင့်ပွဲကို အောက်တိုဘာ(၈)ရက်တွင် ပြုလုပ်မည်

အီဘရာဟီမိုဗစ်၏ ကြေးရုပ်တု ဖွင့်ပွဲကို အောက်တိုဘာ(၈)ရက်တွင် ပြုလုပ်မည်
Photos : Twitter
Photos : Twitter
Published 10 September 2019

ဆွီဒင်လက်ရွေးစင်ဟောင်း တိုက်စစ်မှူး အီဘရာဟီမိုဗစ်၏ ပုံတူကြေးရုပ်တု ဖွင့်လှစ်ပွဲကို အောက်တိုဘာ(၈)ရက်တွင်  ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့တွင် အတည်ပြုကြေညာခဲ့သည်။

ဆွီဒင်ဘောလုံး အဖွဲ့ချုပ်သည် သမိုင်းတစ်လျှောက် ဆွီဒင်လက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားသော အီဘရာဟီမို ဗစ်ကို ရုပ်တုထုလုပ်၍ ဂုဏ်ပြုရန်  ၎င်းင်းအနားမယူမီ ၂၀၁၅ ခုနှစ်ကတည်းက စီစဉ်ခဲ့ပြီး အီဘရာဟီမိုဗစ်၏ ဇာတိဖြစ်သော မာလ်မိုမြို့တွင် ထားရှိသွားမည်ဖြစ်သည်။

ယင်းကြေးရုပ်တုမှာ (၂.၇)မီတာမြင့်၍ အလေးချိန်(၅၀၀)ကီလိုဂရမ်ရှိပြီး အီဘရာဟီမိုဗစ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အီဘရာဟီမိုဗစ်က သက်ရှိထင်ရှားရှိနေချိန်တွင် ယခုကဲ့သို့ ဂုဏ်ပြုခံရခြင်းအတွက် အလွန်ဝမ်းမြောက်သည်ဟု ဆိုခဲ့သည်။

Most Read

Most Recent