
ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် လက်ရှိအချိန်တွင် ကျပ် ၅၅၀၀၀ စျေးဖြင့် အတက်စျေးတွင်ရှိနေပြီး ခုနစ်လအတွင်း တစ်အိတ်လျှင် ကျပ် ၇၀၀၀ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေဘိုပေါ်ဆန်းစျေးနှုန်းများကို လေ့လာကြည့်ပါက ဇန်နဝါရီလအတွင်း တစ်အိတ်လျှင် ကျပ် ၄၈၀၀၀၊ ဖေဖော်ဝါရီနှင့် မတ်လအတွင်း တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ရှိခဲ့ပြီး ဧပြီလအတွင်း တစ်အိတ်လျှင် ကျပ် ၅၂၀၀၀ အထိမြင့်တက်ခဲ့ကာ မေလတွင် ကျပ် ၅၅၀၀၀ အထိ ထပ်မံမြင့်တက်ခဲ့သည်။ ယင်းနောက် ဇွန်နှင့် ဇူလိုင်လအတွင်း ရွှေဘိုပေါ်ဆန်းစျေး အတက်စျေးတွင်သာရှိခဲ့ခြင်း ဖြစ်သည်။
ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၂၀၁၄ ခုနှစ်က ကျပ် ၄၃၅၀၀ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် မေနှင့် ဇူလိုင်လတွင် ကျပ် ၅၅၀၀၀ စျေးရှိနေပြီး ခြောက်နှစ်အတွင်း ရာခိုင်နှုန်း ၂၀ ကျော် မြင့်တက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် ပြည်တွင်းစျေးနှုန်းများမှာ ၂၀၁၄ ခုနှစ်က ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၃၅၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ် အိတ်လျှင် ကျပ် ၄၃၅၀၀ စျေးရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၃၀၀၀၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၅၀၀၀ စျေးရှိလာသည်။
ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၂၀၁၄ ခုနှစ်က ၁၅၅၀၀ ရှိခဲ့ရာမှ ၂၀၁၉ခုနှစ် တွင် ကျပ် ၁၈၀၀၀ အထိ စျေးရှိလာသည်။
၂၀၁၅ ခုနှစ်အတွင်းတွင် ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၄၇၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၊ ငစိန် ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ရှိခဲ့သည်။
၂၀၁၆ ခုနှစ်အတွင်းက ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၄၃၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၆၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ် အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၀၅၀၀ ရှိခဲ့သည်။
၂၀၁၇ ခုနှစ်အတွင်း ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၄၆၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၃၈၀၀၀၊ ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၈၃၀၀ ရှိခဲ့သည်။
၂၀၁၈ခုနှစ် လက်ရှိတွင် ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၃၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ် အိတ်လျှင် ကျပ် ၁၉၇၀၀၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ အထိ စျေးရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ သိရသည်။
မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း မှ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ် သြဂုတ် ၆ ရက်က မြောင်းမြ/ ပုသိမ်ပေါ်ဆန်းသစ် တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၄၀၀၀၀ မှ အမြင့်ဆုံးကျပ် ၄၄၀၀၀၊ ဖျာပုံပေါ်ဆန်းသစ် တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၃၈၀၀၀ မှ အမြင့်ဆုံးကျပ် ၄၀၀၀၀၊ ဧည့်မထတစ်အိတ် လျှင် အနိမ့်ဆုံးကျပ် ၁၉၀၀၀ မှ အမြင့်ဆုံး ကျပ် ၂၀၀၀၀၊ ငစိန်တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၁၉၀၀၀ မှ အမြင့်ဆုံးကျပ် ၁၉၇၀၀ စျေးဖြစ်ပေါ်နေကြောင်း သိရသည်။