
ကမ္ဘာ့ရွှေစျေးသည် သြဂုတ် ၁ ရက် ညနေပိုင်းတွင် ဒေါ်လာ ၁၄၅၀ အထိ ခုန်တက်ပြီး သြဂုတ် ၂ ရက်တွင် ၁၄၃၅ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၂ ရက်တွင် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၁၅၂၀၀၀ ဝန်း ကျင်အထိ ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ် သူများထံမှ သိရသည်။
၂၀၁၆ ခုနှစ်မှစ၍၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၂ ရက်တွင် ကျပ် ၁၁၅၂၀၀၀ ဖြစ်သည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး လက်ရှိအချိန်တွင် ကျပ် ၁၁၅၀၀၀၀ အထိ မြင့်တက်လာခြင်းဖြစ်သည်။
ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇွန် ၂၁ ရက်တွင် ကျပ် ၁၁၁၅၀၀၀ အထိ ဇွန် ၂၅ ရက်တွင် ကျပ် ၁၁၃၀၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၁၉ ရက်တွင် ကျပ် ၁၁၄၉၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိ၊ သြဂုတ် ၂ ရက်တွင် ကျပ် ၁၁၅၂၀၀၀ စံချိန်သစ်စျေးနှုန်းများ ထပ်တင်ခဲ့သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက်အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေးနှုန်းများ မှာ ဖေဖော်ဝါရီလအတွင်း ကျပ် ၁၀၆၁၀၀၀-၁၀၈၈၅၀၀၊ မတ်လအတွင်း ကျပ် ၁၀၄၂၅၀၀ -၁၀၇၂၀၀၀၊ ဧပြီလအတွင်း ကျပ် ၁၀၃၆၀၀၀ -၁၀၅၅၀၀၀၊ မေလအတွင်း ကျပ် ၁၀၃၆၀၀၀ -၁၀၅၉၀၀၀၊ ဇွန်လအတွင်း ကျပ် ၁၀၅၆၀၀၀ -၁၁၃၀၀၀၀၊ ဇူလိုင်လအတွင်း ကျပ် ၁၀၉၇၀၀၀ -၁၁၅၀၀၀၀ တို့ဖြစ်သည်။