ရန်ကုန်မြို့သစ်စီမံကိန်း Master Plan တွင် အများပြည်သူသယ်ယူပို့ဆောင်ရေး အကောင်အထည်ဖော်ရန်နှင့် အနာဂတ်မြေယာရောင်းချမှုများကို တန်ဖိုးမကျစေရေး အဆင့်ဆင့်ဖော်ထုတ်ရန် စသည့်အခြေခံအုတ်မြစ်ရှစ်ချက် ထည့်သွင်းရေးဆွဲ

ရန်ကုန်မြို့သစ်စီမံကိန်း Master Plan တွင် အများပြည်သူသယ်ယူပို့ဆောင်ရေး အကောင်အထည်ဖော်ရန်နှင့် အနာဂတ်မြေယာရောင်းချမှုများကို တန်ဖိုးမကျစေရေး အဆင့်ဆင့်ဖော်ထုတ်ရန် စသည့်အခြေခံအုတ်မြစ်ရှစ်ချက် ထည့်သွင်းရေးဆွဲ
ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာအတွင်း ပါဝင်သည့်နေရာအချို့ကို ပြီးခဲ့သည့်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာအတွင်း ပါဝင်သည့်နေရာအချို့ကို ပြီးခဲ့သည့်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)
Published 23 July 2019
နီလာ

ရန်ကုန်မြို့သစ်စီမံကိန်း Master Plan တွင် မြို့သစ်အတွင်းသာမက အနီးပတ်ဝန်းကျင်မြို့နယ်များနှင့်ပါ ချိတ်ဆက်ထားမည့် အများပြည်သူသယ်ယူပို့ဆောင်ရေး အကောင်အထည်ဖော်ရန်နှင့် အနာဂတ်မြေယာရောင်း ချမှုများကို တန်ဖိုးမကျစေရေး အဆင့်ဆင့် ဖော်ထုတ်ရန် စသည့်အခြေခံအုတ်မြစ်ရှစ်ချက် ထည့်သွင်းရေးဆွဲထားကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် (NYDC) က သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့သစ်၏ Master Plan ကို လူဦးရေ ၁ ဒသမ ၂ သန်းအတွက် လုံခြုံမှုရှိပြီး နေချင်စဖွယ်အပြည့်ရှိသည့် မြို့ပြစီမံကိန်းတစ်ခုအဖြစ် ရေးဆွဲရုံသာမက Mckinsey အဖွဲ့က ရန်ကုန်မြို့သစ်အတွက် စစ်တမ်းကောက်ယူခဲ့သည့် လူမှု-စီးပွားပင်မစီမံချက် (Socio Economic Master Plan )တွင် ဖော်ပြခဲ့သည့် ၂၀၅၀ ပြည့်နှစ်တွင် အလုပ်အကိုင်ပေါင်း ကိုးသိန်းဖန်တီးနိုင်ရေး ရည်ရွယ်ချက်ကိုပါ ထည့်တွက်ပြီး ရေးဆွဲထားကြောင်း သိရသည်။

AECOM ၏ မဏ္ဍိုင်လေးရပ်ဖြစ်သည့် ကြံ့ခိုင်သောမြို့(Resilient City) ၊ နည်း ပညာအဆင့်မြင့်မားသောမြို့(Intelligent City)၊ စိမ်းလန်းစိုပြေသောမြို့(Green City)နှင့် ပြည်သူများအတွက်မြို့(People’s City) တို့ကို အခြေခံပြီး “Big 8 Movies) ဟု ခေါ်သည့် ရန်ကုန်မြို့သစ် Master Plan ၏ အခြေခံအုတ်မြစ်ရှစ်ချက်ကို ဖော်ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါအခြေခံအုတ်မြစ်ရှစ်ချက်မှာ ရန်ကုန်မြို့သစ်ကို အနာဂတ်တွင် Eco Friendly နေရာတစ်ခုအဖြစ် သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းထားနိုင်ရန် (Nature) ၊ လက်ရှိရန်ကုန်နှင့် မြို့သစ်ကို ချိတ်ဆက်ပြီး ယဉ်ကျေးမှုရပ်ဝန်းတစ်ခုတည်ဆောက်ရန် (Culture) မြို့သစ်၏ ပြယုဂ်အဖြစ် အထင်ကရအဆောက်အအုံများ တည်ဆောက်ရန် Grate Places) ၊ ၊ အဆင့်မြင့်နည်းပညာကို အခြေခံသော အများပြည်သူ သုံးဝန်ဆောင်မှုများ အသုံးပြုရန် (Smart City) ၊နည်းဗျူဟာကျ စက်မှုဇုန်ဖွဲ့တည်မှုစနစ် တည်ဆောက်ရန် (Industrial Ecosystem) ၊ မြို့သစ်တွင်းသာမက အနီးပတ်ဝန်း ကျင်မြို့နယ်များနှင့်ပါ ချိတ်ဆက်ထားမည့် အများပြည်သူသယ်ယူပို့ဆောင်ရေး အကောင်အထည်ဖော်ရန်၊ အဆင့်အတန်းမီ အိမ်ရာများဖော်ထုတ်ရန် (New Development Model) နှင့်လိုအပ်သော တည်ဆောက်မှုများနှင့် အနာဂတ်မြေယာရောင်းချမှုများကို တန်ဖိုးမကျစေရေးအဆင့်ဆင့် ဖော်ထုတ်ရန်တို့ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့သစ် Grate Places) ၊ ၏ ယာဉ်အသွားအလာနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် မြို့သစ်တစ်ခုတည်းအတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်ဧရိယာများနှင့် အလွယ်တကူချိတ်ဆက်သွားလာနိုင်ရေးကို ပါထည့်သွင်းရေးဆွဲထားကြောင်း၊ ရေလွှမ်းမိုးမှုအန္တရာယ်နှင့်စပ်လျဉ်းပြီး Master Plan ၊ ရေးဆွဲစဉ်မှာ အကြံပေး Royal Haskoning DHV Myanmar ၏ ရေလွှမ်းမိုးမှုကာကွယ်ရေးဒီဇိုင်းကို ပေါင်းစပ်ရေးဆွဲခဲ့ကြောင်း သိရသည်။

မြို့သစ်၏ Smart City မူဘောင်ကို မြို့ပြနှင့်လူမှုရေးဆိုင်ရာအခြေခံ အဆောက်အအုံများသည် နည်းပညာမှ မည်မျှအထိ အကျိုးအမြတ်ရရှိနိုင်မည်အပေါ် အခြေခံပြီး ချမှတ်ထားကြောင်း၊ အဆိုပါနည်းပညာများကို အခြေခံထားသည့်ဖွဲ့တည်မှုစနစ်သည် မြို့သစ်၏ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနှင့် သဘာဝ ပတ်ဝန်းကျင်အစရှိသည့် ကဏ္ဍများတွင် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း စသည်တို့ ဖော်ပြထားသည်။