ကိုပါအမေရိကပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်

ကိုပါအမေရိကပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 14 June 2019

ဘရာဇီးလ် - ဘိုလစ်ဗီးယား (စနေနံနက် ၇ နာရီ)

ဘိုလစ်ဗီးယားက နိုင်ငံတကာပွဲတွေမှာ မြန်မာအသင်းကို အဝေးကွင်းမှာ (၃-ဝ)ဂိုးနဲ့ နိုင်ပွဲရပြီးကတည်းက နိုင်ပွဲပျောက်ဆုံးနေတဲ့အသင်းဖြစ်တယ်။ တောင်အမေရိကရဲ့အင်အားအနည်းဆုံးအသင်းလိုဖြစ်နေပြီး ကစားသမားအင်အားစုဖွဲ့မှုကလည်း ပြည်တွင်းကစားသမားတွေနဲ့ပဲ တည်ဆောက်ထားတာတွေ့ရတယ်။ ဘရာဇီးလ်က ဒီပြိုင်ပွဲရဲ့အိမ်ရှင်အသင်းဖြစ်ပြီး နေမာမပါတဲ့အခြေအနေမှာတောင် ဒီပြိုင်ပွဲမှာ အင်အားအတောင့်တင်းဆုံးစုဖွဲ့မှုလို့ ပြောလို့ရတယ်။ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီတဲ့ အသင်းဖြစ်သလို၊ အရည်အသွေးသိပ်မကွာတဲ့ ထိပ်တန်းအဆင့်ကစားသမားတွေချည်းပဲ ဖြစ်နေတယ်။ တောင်အမေရိကမှာ တစ်သင်းနဲ့တစ်သင်း အပြတ်အသတ်အသာရတာမျိုးက ဖြစ်လေ့သိပ်မရှိပေမယ့် အိမ်ကွင်းဟာ အလွန်ကြီးမားတဲ့အားသာချက် ဖြစ်တာလည်း တွေ့ရတယ်။ ဒီပွဲက လူစာရင်းအရ၊ ခြေစွမ်းအရ၊ ကစားမယ့်နေရာအရ အဖက်ဖက်က ကွာဟချက်ကြီးမားလွန်းနေတဲ့ အနေအထားဖြစ်ပြီး အိမ်ရှင် ဘရာဇီးလ်က အဖွင့်ပွဲကို ဂိုးပြတ်နိုင်ပွဲနဲ့ စတင်ပါလိမ့်မယ်။ ဘရာဇီးလ် အနည်းဆုံး (၃)ဂိုးလောက်သွင်းမှာဖြစ်ပြီး (၃-ဝ၊ ၄-ဝ) ရလဒ်တွေဖြစ်နိုင်တယ်။ 

Most Read

Most Recent