မက်ဆီမှာ ဘရာဇီးလ်၏ချန်ပီယံအိပ်မက်ကို ဖျက်ဆီးနိုင်သူဟု ဇစ်ကို ပြောကြား

မက်ဆီမှာ ဘရာဇီးလ်၏ချန်ပီယံအိပ်မက်ကို ဖျက်ဆီးနိုင်သူဟု ဇစ်ကို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 14 June 2019

ဘရာဇီးလ်ဂန္ထဝင်ကစားသမား ဇစ်ကိုက ယခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အိမ်ရှင်ဘရာဇီးလ်အသင်း၏ ချန်ပီယံအိပ်မက်ကို ဖျက်ဆီးနိုင်သူမှာ အာဂျင်တီးနားအသင်းတိုက်စစ်မှူး မက်ဆီဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။  

ဘရာဇီးလ်ဂန္ထဝင်ကစားသမား ဇစ်ကိုက ယခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အိမ်ရှင်ဘရာဇီးလ်အသင်း၏ ချန်ပီယံအိပ်မက်ကို ဖျက်ဆီးနိုင်သူမှာ အာဂျင်တီးနားအသင်းတိုက်စစ်မှူး မက်ဆီဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။  

ဘရာဇီးလ်အသင်းသည် ၂ဝဝရ ခုနှစ်တွင် အာဂျင်တီးနားအသင်းအား (၃-ဝ)ဂိုုးဖြင့်အနိုင်ယူကာ ကိုပါအမေရိကဖလားကို နောက်ဆုံးရယူနိုင်ခဲ့ပြီးနောက် ယခုနှစ်တွင် အသင်းသမိုင်းတစ်လျှောက် (၉)ကြိမ်မြောက်ရယူနိုင်ရန် ပစ်မှတ်ထားလျက် ရှိသည်။ 

သို့ရာတွင် ဇစ်ကိုက အသင်းအနေဖြင့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီမှာ ဘရာဇီးလ်၏ မျှော်လင့်ချက်ကို ဖျက်ဆီးနိုင်သူဟု သုံးသပ်ခဲ့သည်။ 

ဇစ်ကိုက "မက်ဆီသာ  ပုံစံကောင်းပြနိုင်မယ်ဆိုရင် အာဂျင်တီးနားဟာ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ အသင်းလိုက်ခြေစွမ်းကိုပဲ ဦးစားပေးသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဘရာဇီးလ်အသင်းသည် ယခုနှစ်ကိုပါအမေရိကဖလားပြိုင်ပွဲတွင် (၁၁:၁၀)လေးဖြင့် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ပြီး အာဂျင်တီးနားအသင်းမှာ (ရး၂) လေးဖြင့် ဒုတိယရေပန်းအစားဆုံးဖြစ်နေသည်။ 

Most Read

Most Recent