စကော့တလန်နှင့်ပွဲတွင် ဂိုးသွင်းခဲ့သည့် အတွက် ဆရာဟောင်းဖြစ်သူ စကော့တလန်နည်းပြ စတိဗ်ကလက်ခ်ကို လူကာကူ တောင်းပန်

စကော့တလန်နှင့်ပွဲတွင် ဂိုးသွင်းခဲ့သည့် အတွက် ဆရာဟောင်းဖြစ်သူ စကော့တလန်နည်းပြ စတိဗ်ကလက်ခ်ကို လူကာကူ တောင်းပန်
Photos: AFP,Football Scotland
Photos: AFP,Football Scotland
Published 12 June 2019

မနေ့က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် ဘယ်လ်ဂျီယံ (၃-၀)   စကော့တလန်ပွဲတွင် လူကာကူက ဘယ်လ်ဂျီယံအသင်းအတွက် (၂) ဂိုးသွင်းယူခဲ့သည်။

 

ဘယ်လ်ဂျီယံအသင်းတိုက်စစ်မှူး လူကာကူသည် စကော့တလန်နှင့်ပွဲတွင် ဂိုးသွင်းခဲ့သည့်အတွက် ဆရာဟောင်းဖြစ်သူ စကော့တလန်နည်းပြ စတိဗ်ကလက်ခ်ကို တောင်းပန်ခဲ့ကြောင်း သိရသည်။

မနေ့က ကစားခဲ့သည့် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် ဘယ်လ်ဂျီယံ (၃-၀)   စကော့တလန်ပွဲတွင် လူကာကူက ဘယ်လ်ဂျီယံအသင်းအတွက် (၂) ဂိုးသွင်းယူခဲ့သည်။

စကော့တလန်နည်းပြ စတိဗ်ကလက်ခ်က " ပွဲအပြီး အဝတ်လဲခန်းသွားတဲ့ ဥမင်လိုဏ်ခေါင်းမှာ လူကာကူက ကျွန်တော့်ကိုဖက်ပြီး ဂိုးသွင်းခဲ့တဲ့အတွက် တောင်းပန်ကြောင်း ဆိုခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

ကလက်ခ်နှင့် လူကာကူတို့သည် ဝက်စ်ဘရွန်းအသင်းတွင် ၂၀၁၂-၁၃ ရာသီက လက်တွဲခဲ့ဖူးသည်။

Most Read

Most Recent