ကစားသမားဘဝမှအနားယူပါက နည်းပြလုပ်ရန် ရွန်နီ ဆန္ဒရှိ

ကစားသမားဘဝမှအနားယူပါက နည်းပြလုပ်ရန် ရွန်နီ ဆန္ဒရှိ
Photos: Getty Images
Photos: Getty Images
Published 2 June 2019

ရွန်နီသည် ဒီစီယူနိုက်တက်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ထားသူဖြစ်ပြီး မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူရန် အလျင်မလိုကြောင်းလည်း ပြောကြားခဲ့သည်။  

 

မေဂျာလိဂ်ကလပ် ဒီစီယူနိုက် တက်အသင်းတိုက်စစ်မှူး ရွန်နီက မိမိအနေဖြင့် ကစားသမားဘဝမှအနားယူပြီးပါက နည်းပြလုပ်ရန် ဆန္ဒရှိနေကြောင်း ပြောကြားခဲ့သည်။

အသက် (၃၃) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟောင်း ရွန်နီသည် ၂၀၁၈ ခုနှစ်တွင် အဲဗာတန်အသင်းမှ ဒီစီယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။ ရွန်နီသည် ဒီစီယူနိုက်တက်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ထားသူဖြစ်ပြီး မိမိအနေဖြင့် ကစားသမားဘဝမှ အနားယူရန် အလျင်မလိုကြောင်းလည်း ပြောကြားခဲ့သည်။  

ရွန်နီက "လက်ရှိအချိန်မှာ အားလုံးအဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့စာချုပ်က ဒီနှစ်ကုန်ရင်တောင် နောက် (၂) နှစ်ကျန်ပါသေးတယ်။ စာချုပ်သက်တမ်းကုန်တော့မှပဲ အခြေအနေကိုကြည့်ပြီး ဘောလုံးဆက်ကစား၊ မကစားကို ကျွန်တော် ဆုံးဖြတ်မှာပါ။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝကို ဒီစီယူနိုက်တက်အသင်းမှာပဲ ကုန်ဆုံးမှာပါ။ ကစားသမားဘဝက အနားယူပြီးတာနဲ့ ကျွန်တော့်ရဲ့ရည်မှန်းချက်က နည်းပြလုပ်ဖို့ပါပဲ။ ဘယ်လိုကမ်းလှမ်းမှုတွေရှိလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ" ဟု ဆိုခဲ့သည်။

Most Read

Most Recent