လူးဝစ်အော်တစ်ဇ်နှင့် ထိုးသတ်ပြီးပါက တိုင်ဆန်ဖူရီနှင့် မကျေပွဲထပ်ထိုးမည်ဟု WBC ဟဲဗီးဝိတ်တန်းလက်ဝှေ့ချန်ပီယံ ဒီယွန်တေးဝိုင်လ်ဒါ ပြောကြား

လူးဝစ်အော်တစ်ဇ်နှင့် ထိုးသတ်ပြီးပါက တိုင်ဆန်ဖူရီနှင့် မကျေပွဲထပ်ထိုးမည်ဟု WBC ဟဲဗီးဝိတ်တန်းလက်ဝှေ့ချန်ပီယံ ဒီယွန်တေးဝိုင်လ်ဒါ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 2 June 2019

၀ိုင်လ်ဒါက "ကျွန်တော်က စစ်မှန်တဲ့ ချန်ပီယံတစ်ဦး ဆိုတာ အမြဲပြောထားပြီးသားပါ။ အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ပွဲတွေကို ပြန်ထိုးဖို့ စီစဉ်ထားပြီးသားပါ။ လူးဝစ်အော်တစ်ဇ်က ပထမဆုံးပေါ့။ ပြီးသွားရင်တော့ တိုင်ဆန်ဖူရီပါ။ အော်တစ်ဇ်က အန္တရာယ်ရှိတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ အခု လောလောဆယ်မှာ သူနဲ့ထိုးမယ့်ပွဲ အကြောင်းပဲ စဉ်းစားထားပါတယ်" ဟု မေ ၃၁ ရက်တွင် Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။

 

WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝိုင်လ်ဒါက ကျူးဘားလက်ဝှေ့သမား လူးဝစ်အော်တစ်ဇ် နှင့် ထိုးသတ်ပြီးပါက ဗြိတန်လက်ဝှေ့ သမား တိုင်ဆန်ဖူရီနှင့် မကျေပွဲ ထပ်ထိုးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၀ိုင်လ်ဒါနှင့် ဖူရီသည် ပြီးခဲ့သည့် ဒီဇင်ဘာတွင် လော့စ်အိန်ဂျလိစ်မြို့စ်ရှိ Staples Center ၌ ထိုးသတ်ဖူးပြီး အငြင်းပွားဖွယ် သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ဖူရီသည် ယင်းပွဲတွင် ရမှတ်အသာဖြင့် ထိုး သတ်နိုင်ခဲ့သော် လည်း ၀ိုင်လ်ဒါ၏ လက်သီးချက်ကြောင့် ကြိုးဝိုင်းကြမ်းပြင်ပေါ်သို့ နှစ်ကြိမ်လဲကျခဲ့သဖြင့် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC) က ၎င်းတို့နှစ်ဦး မကျေပွဲ ပြန်လည်ထိုးသတ်ရန် ခွင့်ပြုထားသော်လည်း ဖူရီက နာမည်ကြီးပွဲစီစဉ်သူ Top Rank ကုမ္ပဏီနှင့်လက်တွဲ၍ ESPN ရုပ်သံနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။

WBC ၀ိုင်လ်ဒါ၏ Premier Boxing Champions ကုမ္ပဏီက Showtime၊ Fox ရုပ်သံတို့နှင့် စာချုပ်ချုပ်ထားသောကြောင့် ၎င်းတို့နှစ်ဦး မကျေပွဲထိုးသတ်ရန် မျှော်လင့်ချက်နည်းသွားခြင်းဖြစ်သည်။ ထို့ပြင် ၀ိုင်လ်ဒါက လာမည့်ပွဲအဖြစ် ၂၀၁၈ ခုနှစ် မတ်တွင်ထိုးသတ်ခဲ့ဖူးသည့် လူးဝစ်အော်တစ်ဇ်နှင့် ပြန်လည်ထိုးသတ်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုခဲ့သောကြောင့် ဖူရီနှင့် ယခုနှစ်အတွင်း ထပ်မံထိုးသတ်နိုင် ဖွယ်မရှိကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။

သို့သော် ၀ိုင်လ်ဒါက "ကျွန်တော်က စစ်မှန်တဲ့ ချန်ပီယံတစ်ဦး ဆိုတာ အမြဲပြောထားပြီးသားပါ။ အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ပွဲတွေကို ပြန်ထိုးဖို့ စီစဉ်ထားပြီးသားပါ။ လူးဝစ်အော်တစ်ဇ်က ပထမဆုံးပေါ့။ ပြီးသွားရင်တော့ တိုင်ဆန်ဖူရီပါ။ အော်တစ်ဇ်က အန္တရာယ်ရှိတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ အခု လောလောဆယ်မှာ သူနဲ့ထိုးမယ့်ပွဲ အကြောင်းပဲ စဉ်းစားထားပါတယ်" ဟု မေ ၃၁ ရက်တွင် Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။

 ၀ိုင်လ်ဒါသည် အော်တစ်ဇ်ကို ၁၀ ချီ၌ အလဲထိုးဖြင့် အနိုင်ရသော်လည်း လက်ရည်အသာ မရခဲ့သောကြောင့် ထပ်မံထိုးသတ်ခြင်းဖြစ်ပြီး အချိန်နှင့်နေရာကို မကြေညာရသေးကြောင်း သိရသည်။

Most Read

Most Recent