ဘာစီလိုနာအသင်းတည်းခိုသည့် ဟိုတယ်အနီးတွင် မီးရှူးမီးပန်းများပစ်ဖောက်ကာ လီဗာပူးလ်ပရိသတ်များ နှောင့်ယှက်

ဘာစီလိုနာအသင်းတည်းခိုသည့် ဟိုတယ်အနီးတွင် မီးရှူးမီးပန်းများပစ်ဖောက်ကာ လီဗာပူးလ်ပရိသတ်များ နှောင့်ယှက်
Photos: Daily Mail & Google Street View
Photos: Daily Mail & Google Street View
Published 7 May 2019

လီဗာပူးလ်အသင်းပရိသတ်များသည် ၄င်းတို့၏ပြိုင်ဘက် ဘာစီလိုနာအသင်းတည်းခိုသည့် ဟိုတယ်အနီးတွင် မီးရှူးမီးပန်းများပစ်ဖောက်ကာ ဘာစီလိုနာကစားသမားများ အိပ်ရေးပျက်အောင်နှောင့်ယှက်ခဲ့ကြကြောင်း Daily Mail သတင်းစာကဖော်ပြခဲ့သည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ်အဖြစ် ယနေ့ညတွင် အန်ဖီးလ်ကွင်း၌ ဘာစီလိုနာအသင်းကို ဧည့်ခံကစားရမည်ဖြစ်သည်။

သို့သော် လီဗာပူးလ်အသင်းသည် ပထမအကျော့ပွဲစဉ်တွင် ဘာစီလိုနာအသင်းကို (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ထားသည့်အတွက် ဗိုလ်လုပွဲတက်ရောက်ရန်အတွက် ရုန်းကန်ရမည်ဖြစ်ရာ လီဗာပူးလ်ပရိသတ်များက အသင်းကိုတဖက်တစ်လမ်းက ကူညီခဲ့ခြင်းဖြစ်ကြောင်း Daily Mail ကဖော်ပြခဲ့သည်။

လက်ရှိလူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့်ဗီဒီယိုဖိုင်များအရ လီဗာပူးလ်ပရိသတ်များသည် မေလ (၇)ရက်နေ့ နံနက် (၄)နာရီတွင် ဘာစီလိုနာအသင်းတည်းခိုသည့် လီဗာပူးလ်မြို့လယ်မှ Chavasse Park ဟိုတယ်အနီးတွင် မီးရှူးမီးပန်းများပစ်ဖောက်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

ထို့ပြင် အဆိုပါဖြစ်ရပ်ကို မျက်မြင်တွေ့ခဲ့သည့် ပရိသတ်တစ်ဦး၏ ပြောကြားချက်အရ လီဗာပူးလ်ပရိသတ်များသည် မက်ဆီကို အိပ်ယာမှထရန်အော်ဟစ်ခဲ့ကြကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ပြည်သူပိုင်နေရာတွင် ည (၁၁)နာရီမှ နံနက် (၇)နာရီအတွင်း မီးရှူးမီးပန်းပစ်ဖောက်ခြင်းမှာ တရားမဝင်ဖြစ်ရပ်ဖြစ်သည်ဟု မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး၊ ယခုဖြစ်ရပ်နှင့်ပတ်သက်ကာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် '' ပွဲတော်ရက်များမှအပ ည (၁၁)နာရီမှ နံနက် (၇)နာရီအတွင်း မီးရှူးမီးပန်းဖောက်ခြင်းမှာ တရားမဝင်ကြောင်း၊ Chavasse Park ဟိုတယ်အနီးတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သိရှိပါက ၄င်းတို့ထံသို့ သတင်းပေးရန်တောင်းဆိုပါကြောင်း" ပါရှိသည်။

Most Read

Most Recent