မန်ယူအသင်းအတွက် အဆင့် (၆)နေရာဆိုသည်မှာ မျှတသည့် ရပ်တည်မှုဖြစ်ပြီး မိမိတို့အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် မထိုက်တန်ခဲ့ဟု ဆိုးလ်ရှားဝန်ခံ

မန်ယူအသင်းအတွက် အဆင့် (၆)နေရာဆိုသည်မှာ မျှတသည့် ရပ်တည်မှုဖြစ်ပြီး မိမိတို့အသင်းသည် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် မထိုက်တန်ခဲ့ဟု ဆိုးလ်ရှားဝန်ခံ
Photos : AFP
Photos : AFP
Published 7 May 2019

မန်ယူအသင်း၏နည်းပြဖြစ်သူ ဆိုးလ်ရှားက မိမိတို့အသင်းအတွက် အဆင့် (၆)နေရာဆိုသည်မှာ မျှတသည့် ရပ်တည်မှုတစ်ခုဖြစ်ပြီး မိမိတို့ အသင်း၏ စွမ်းဆောင်ရည်မှာ ချန်ပီယံ လိဂ်ဝင်ခွင့်နှင့် ထိုက်တန်မှုမရှိဟု ဝန် ခံပြောကြားသွားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တန်းဆင်းခဲ့ ပြီးဖြစ်သည့် ဟတ်ဒါဖီးလ်အသင်းနှင့် သရေကျခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင် ခွင့်နှင့် လွဲချော်သွားခဲ့ပြီဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ဆိုးလ်ရှားက ''ကျွန်တော်တို့အသင်းအတွက် အဆင့် (၆)နေရာဆိုတာ မျှတတဲ့ရပ်တည်မှုတစ်ခုဖြစ်ပါတယ်။ ဒီဟာက ကျွန်တော်တို့အသင်း လက်ရှိဘယ်နေရာမှာ ရောက်နေပြီလဲဆိုတာကိုလည်း ပြပါတယ်။ ကျွန်တော်တို့အသင်းက ထိပ်ဆုံးမှာရပ်တည်နေတဲ့ အသင်း (၂)သင်းကို အမီလိုက်နိုင်ခဲ့သင့်တယ်ဆိုတဲ့ စိတ်ကူးယဉ်မှုတွေကိုတော့ မလုပ်သင့်ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အသင်းတွေနဲ့ အရမ်းကြီးကွာခြားနေတာမျိုးလည်း မဟုတ်ပါဘူး။ လုပ်အားနှုန်းနဲ့ ခံယူချက်က ပြဿနာမဟုတ်ပါဘူး။ ဒီနေ့ပွဲမှာလည်း ကစားသမားတွေဟာ ပြေးလွှားကစားခဲ့ပြီး ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေက မလုံလောက်ရုံပါ။ ဒါက ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့ ပိုလုပ်နိုင်သင့်၊ ပိုကောင်းခဲ့သင့်ပါတယ်''ဟု ပြော ကြားခဲ့သည်။

ဆိုးလ်ရှားက ရာသီဝက်ကာလတွင် ဝင်ရောက်လာခဲ့ပြီးနောက် အသင်း၏ စိတ်ပိုင်းဆိုင်ရာအပြောင်းအ လဲ၊ ခြေစွမ်းပိုင်းအပြောင်းအလဲများကို ပြုလုပ်ရန်ခက်ခဲကြောင်း၊ လာမည့်ရာသီတွင်မူ ပုံစံကောင်းများပြသနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent