အန်ဖီးလ်ကွင်းတွင် ဂိုးသွင်းနိုင်ပါက အောင်ပွဲခံမည်မဟုတ်ဟု ဆွာရက်ဇ် ဆို

အန်ဖီးလ်ကွင်းတွင် ဂိုးသွင်းနိုင်ပါက အောင်ပွဲခံမည်မဟုတ်ဟု ဆွာရက်ဇ် ဆို
Photos : AFP
Photos : AFP
Published 7 May 2019

ဘာစီလိုနာအသင်း၏ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က အန်ဖီးလ်ကွင်းတွင် ဂိုးသွင်းယူနိုင်ခဲ့ပါက အောင်ပွဲခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အသင်းဟောင်း လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းတွင် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

ဆွာရက်ဇ်က ''ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်လိုအဆင့်မှာ ဂိုးသွင်းနိုင်ရင် ဘယ် လောက်တန်ဖိုးကြီးတယ်ဆိုတာ အားလုံးသိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့ရင် လီ ဗာပူးလ်ပရိသတ်တွေကို လေးစားတဲ့အနေနဲ့ အောင်ပွဲခံမှာမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။

၎င်းမှာ ပထမအကျော့တွင်မူ ဂိုးသွင်းယူနိုင်ပါက အောင်ပွဲခံမည်ဟု ကြိုတင်ပြောကြားထားသည့်အတိုင်း အသင်းအတွက် အဖွင့်ဂိုးသွင်းယူနိုင်ပြီးနောက် အောင်ပွဲခံခဲ့သည်။

သို့သော် ဆွာရက်ဇ်က ယင်းအပြုအမူအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး သူ့အနေဖြင့် လီဗာပူးလ်ပရိသတ်များကို လေးစားမှုရှိကြောင်း ဖွင့်ဟခဲ့သည်။

ဆွာရက်ဇ်သည် လီဗာပူးလ်အသင်းတွင် (၃)ရာသီခွဲကြာ ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

Most Read

Most Recent