၁၆ နှစ် ရက် ၃၀ သာရှိသေးသည့် ဖူလ်ဟမ်တိုက်စစ်မှူး အယ်လီယတ် အသက်အငယ်ဆုံးစံချိန်တင်

၁၆ နှစ် ရက် ၃၀ သာရှိသေးသည့် ဖူလ်ဟမ်တိုက်စစ်မှူး အယ်လီယတ် အသက်အငယ်ဆုံးစံချိန်တင်
Photos : BPI
Photos : BPI
Published 6 May 2019

ဖူလ်ဟမ်အသင်း၏ အင်္ဂလန်လူငယ် တိုက်စစ်ကစားသမား ဟာဗီအယ်လီယတ် သည် အသက် ၁၆ နှစ် ရက် ၃၀ ဖြင့် ပရီးမီး ယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ် ဆုံးကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင် ခဲ့ကြောင်း သိရသည်။

အယ်လီယတ်သည် မေ ၄ ရက်က ဝုလ်ဗ် အသင်းအား (၀-၁) ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲ၌ ပွဲပြီးခါနီး ၈၈ မိနစ်တွင် လူစားဝင်လာပြီး နောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက် အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ ခြင်းဖြစ်သည်။

၎င်းသည် ၂၀၀၃ ခုနှစ် ဧပြီ ၄ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ဖူလ်ဟမ် အကယ်ဒမီ၏ ကစားသမားတစ်ဦးဖြစ်သလို အင်္ဂလန် ယူ-၁၅ နှင့် ယူ-၁၇ အသင်းတွင် လည်း ပါဝင်ကစားလျက်ရှိသည်။

၎င်းမတိုင်မီ အသက်အငယ်ဆုံး စံချိန်တင်ထားသူမှာ လည်း ဖူလ်ဟမ်ကစားသမားတစ်ဦးပင်ဖြစ် ပြီး ၂၀၀၇ ခုနှစ် မေ ၁၃ ရက်တွင် နောက်ခံလူ မက်သယူးဘရစ်က ၁၆ နှစ် ၆၅ ရက်ဖြင့် စံချိန်တင်ထားခြင်းဖြစ်သည်။

ဘရစ်၏စံချိန် ကို အယ်လီယတ်က ၃၅ ရက်အကွာဖြင့် ချိုး ဖျက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းင်းသည် ပြီးခဲ့သည့် နှစ် စက်တင်ဘာတွင်လည်း လိဂ်ဖလားပြိုင်ပွဲ ၌ ၁၅ နှစ် ၁၇၄ ရက်ဖြင့် ပြိုင်ပွဲသမိုင်းတစ် လျှောက် အသက်အငယ်ဆုံးနှင့် ဖူလ်ဟမ် အသင်းသမိုင်းတစ်လျှောက် အသက်အငယ် ဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ထား ပြီးဖြစ်သည်။

''သူ့အတွက် အချိန်ကျပြီလို့ ခံစားမိရင် ဒါမှမဟုတ် သူ့ကို ကျွန်တော်လိုအပ်နေတယ် လို့ ယုံကြည်ရင် ပွဲကစားခွင့်ပြုမှာပါပဲ။ သူ့ကို ကစားခိုင်းဖို့အတွက် ကျွန်တော်ကတော့ တုံ့ ဆိုင်းနေမှာမဟုတ်ပါဘူး''ဟု ဖူလ်ဟမ်အသင်း ယာယီနည်းပြ စကော့ပါကားက ဆိုသည်။

သမိုင်းတစ်လျှောက် အငယ်ဆုံးကစားသမားစာရင်း

အမည်    ကလပ်    အသက်

အယ်လီယတ်    ဖူလ်ဟမ်    ၁၆ နှစ် ၃၀ ရက်

ဘရစ်    ဖူလ်ဟမ်    ၁၆ နှစ် ၆၅ ရက်

ဘရောင်း    ဝက်စ်ဘရွန်း    ၁၆ နှစ် ၁၁၇ ရက်

Most Read

Most Recent