ယူရိုပါလိဂ်ဗိုလ်လုပွဲတက်နိုင်ပါက အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ လက်မှတ်(ရဝဝဝ)စီသာရရှိမည်

ယူရိုပါလိဂ်ဗိုလ်လုပွဲတက်နိုင်ပါက အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ လက်မှတ်(ရဝဝဝ)စီသာရရှိမည်
Photo: Europa League
Photo: Europa League
Published 26 April 2019

ယခုနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကို အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ရှိ ပရိသတ် (၆၈ရဝဝ)ဝင်ဆံ့သည့် Olympic Stadium ကွင်းတွင် လာမည့်မေ(၂၉)ရက်၌ ကျင်းပသွားမည်ဖြစ်သည်။ 

ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် အာဆင်နယ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့သည် ယခုနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပါက လက်မှတ်ခွဲတမ်းအရ တစ်သင်းလျှင် (ရဝဝဝ)စီသာရရှိမည်ဖြစ်ကြောင်း သိရသည်။ 

ယခုနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကို အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့ရှိ ပရိသတ် (၆၈ရဝဝ)ဝင်ဆံ့သည့် Olympic Stadium ကွင်းတွင် လာမည့်မေ(၂၉)ရက်၌ ကျင်းပသွားမည်ဖြစ်သည်။ 

သို့ရာတွင် ဗိုလ်လုပွဲတက်ရောက်မည့်အသင်းများအနေဖြင့် လက်မှတ်ခွဲတမ်းအရ (ရဝဝဝ)စီသာရရှိမည်ဖြစ်ရာ ပရိသတ်များအတွက် စိတ်ပျက်စရာဖြစ်နေသည်။   

ယခုရာသီတွင် အာဆင်နယ်အသင်း၏ တစ်ရာသီလက်မှတ်ဝယ်ယူထားသည့်ပရိသတ်မှာ (၄၄ဝဝဝ)ရှိပြီး ချယ်လ်ဆီးအသင်းမှာမူ (၂၄ဝဝဝ)အထိရှိနေကြောင်း သိရသည်။ 

ယခုရာသီ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်တွင် အာဆင်နယ်နှင့် ဗလင်စီယာ၊ ဖရန့်ဖတ်နှင့် ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ပထမအကျော့ကို မေလ (၂) ရက်နေ့နှင့် ဒုတိယအကျော့ကို မေလ (၉) ရက်နေ့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

■ ၂၀၁၈-၁၉ ယူရိုပါလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းစားမှု

ချယ်လ်ဆီး (အင်္ဂလန်) - ၆/၄

အာဆင်နယ် (အင်္ဂလန်) - ၅/၂

ဗလင်စီယာ (စပိန်) - ၄/၁

ဖရန့်ဖတ် (ဂျာမနီ) - ၇/၁

Most Read

Most Recent