ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ ကမ္ဘာ့နံပါတ်လေးသို့ တက်လှမ်း

ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ ကမ္ဘာ့နံပါတ်လေးသို့ တက်လှမ်း
Published 10 October 2018

 

ယူအက်စ်အိုးပင်းချန်ပီယံဆုရှင်ဖြစ်သူ ဟေတီ-ဂျပန်နွယ်ဖွား နာအိုမီအိုဆာကာသည် အောက်တိုဘာ (၈) ရက်က တရားဝင်ထုတ်ပြန်သည့် တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ကစားသမားဘဝအမြင့်ဆုံး ဖြစ်သည့် နံပါတ်လေးနေရာသို့  တက်လှမ်းလာနိုင်ခဲ့ကြောင်း သိရသည်။

အိုဆာကာသည် ပြီးခဲ့သည့် China Open ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့အဆင့်တွင် မူလ နံပါတ်ခြောက်နေရာမှ နှစ်ဆင့်မြင့်တက်ခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် အိုဆာကာမှာ ၁၉၉၅ ခုနှစ်က  ကမ္ဘာ့နံပါတ်လေးနေရာသို့ ကီမီကိုဒါတဲ တက်လှမ်းနိုင်ခဲ့ပြီးနောက် ဂျပန်တင်းနစ်မယ်များထဲတွင် ယင်းအဆင့်ကို ဒုတိယမြောက်ရရှိသူဖြစ်လာခဲ့သည်။

ထို့ပြင် သူသည် ရာသီပိတ် WTA Finals ပြိုင်ပွဲတွင် ရလဒ်ကောင်းရရန် ပစ်မှတ်ထားနေပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန်လည်း ဆန္ဒရှိနေသည်။

Most Read

Most Recent