ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 6 October 2018

 

ဘန်လေ နှင့် ဟတ်ဒါဖီးလ် (စနေည ၈း၃၀ နာရီ)

ဟတ်ဒါဖီးလ် က ရှုံးပွဲတွေနဲ့အတူ အမှတ်ပေးဇယားအောက်ပိုင်းမှာ ရုန်းကန်နေရပြီး၊ ဘန်လေကတော့ ဘုန်းမောက်ကို (၄-၀)နဲ့ နိုင်တဲ့ပွဲမှာ Outclassed ခြေစွမ်းကိုပြခဲ့ပြီးနောက် ကာဒစ်ဖ်ကို ဆက်လက်အနိုင်ကစားခဲ့တယ်။ ရာသီအစတုန်းက ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်အကြား ဗျာများပြီး ရလဒ်တွေယိမ်းယိုင်ခဲ့ပေမယ့် ဘန်လေရဲ့လက်ရှိခြေစွမ်းက ပြန်တည်ငြိမ်နေပါပြီ။ ဘန်လေကိုပဲကြိုက်တယ်။

ခရစ္စတယ်ပဲလေ့စ် နှင့် ဝုလ်ဗ် (စနေည ၈း၃၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်က တစ်ချိန်လုံး ဇာဟာဆိုတဲ့ နာမည်ကိုပဲ ရွတ်ဆိုနေရပြီး ကျန်တစ်သင်းလုံးက အလုပ်မဖြစ်ဘူးဖြစ်နေတယ်။ ကွင်းလယ်လည်း  မဆိုး၊ တိုက်စစ်လည်းမဆိုးဘဲနဲ့ အလုပ်မဖြစ်ဘူး။ ဝုလ်ဗ်က ခိုင်မာတဲ့ ကွင်းလယ်ရှိပြီး၊ ခံစစ်၊ တိုက်စစ် ဟန်ချက်ညီတယ်။ မန်စီးတီး၊ မန်ယူတို့ကို သရေကစားထားတဲ့ ယုံကြည်မှုနဲ့ နိုင်ဖို့ခက်တဲ့ပြိုင်ဘက်တွေကိုတောင် အနိုင်ကစားထားတဲ့အသင်းဟာ ပျော့ညံ့တဲ့ ပဲလေ့စ်ဆီကအမှတ်ယူဦးမယ်။

လက်စတာ နှင့် အဲဗာတန် (စနေည ၈း၃၀ နာရီ)

လက်စတာက ဟတ်ဒါဖီးလ်ကို ဂိုးပြတ်နိုင်အပြီးမှာ နယူးကာဆယ်ကို ထပ်အနိုင်ယူလိုက်တယ်။ အဲဗာတန်ရဲ့ လူစာရင်းက ပိုစိတ်ဝင်စားစရာကောင်းပေမယ့် ကွင်းထဲရောက်တဲ့အခါ လူစာရင်းအနည်းငယ်နိမ့်တာကို စိတ်ဓာတ်ပိုင်း၊ စုစည်းမှုတွေနဲ့ ကျော်လွှွားနို်င်ပါတယ်။ လက်စတာမှာ မာရက်ဇ်မရှိတော့ပေမယ့် စုစည်းမှုကြောင့် အရင်လိုအဆင့်မျိုးကနေ ကျမသွားပါဘူး။ အဲဗာတန်ကိုလည်း ဒုက္ခပေးပါလိမ့်မယ်။

စပါး နှင့် ကာဒစ်ဖ် (စနေည ၈း၃၀ နာရီ)

စပါးက ဟတ်ဒါဖီးလ်ကို အဝေးကွင်းမှာ (၂-၀)နဲ့နိုင်ခဲ့တဲ့ပွဲက ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းကို အခြေခံပြီးကစားလိမ့်မယ်။ အသင်းငယ်တွေကို အနိုင်ယူဖို့အတွက် မခက်ခဲတဲ့ စိတ်ဓာတ်ပိုင်းနဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပြီး၊ ကာဒစ်ဖ်ကလည်း စပါးအတွက် အခက်အခဲသိပ်မရှိတဲ့ ပြိုင်ဘက်မျိုးပါ။ ရှုံးပွဲဆက်နေတဲ့ ကာဒစ်ဖ်လိုအသင်းမျိုးကို စပါးက အိမ်ကွင်းမှာ အနိုင်သေချာတယ်။ ဂိုးပြတ်ဖို့လည်းများပါတယ်။

ဝက်ဖို့ဒ် နှင့် ဘုန်းမောက် (စနေည ၈း၃၀ နာရီ)

ဝက်ဖို့ဒ်က နောက်ဆုံး (၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပေမယ့် ရှုံးခဲ့တဲ့ နှစ်သင်းက မန်ယူ၊ အာဆင်နယ်တို့လိုအသင်းကြီးတွေဖြစ်နေတယ်။ အာဆင်နယ်နဲ့ပွဲမှာ ကံဆိုးလို့ ရှုံးခဲ့တယ်လို့တောင် ပြောလို့ရပြီး ခြေမညံ့ပါဘူး။ ဘုန်းမောက်က တိုက်စစ်ပိုကောင်းပေမယ့် ဝက်ဖို့ဒ်က ဟန်ချက်ပိုညီပြီး၊ စုစည်းမှုလည်း ရှိတယ်။ ဒီပွဲမှာ ဘုန်းမောက် သရေတစ်မှတ်ရဖို့ကြိုးစားမှာဖြစ်ပေမယ့် ဝက်ဖို့ဒ်ကိုပဲ ကြိုက်တယ်။

မန်ယူ နှင့် နယူးကာဆယ် (စနေည ၁၁းဝ၀ နာရီ)

မန်ယူမှာ ပြဿနာတွေရှိတာတော့အမှန်ပဲ။ သူတို့မှာ Lack of Quality Defender ဆိုတဲ့ ပြဿနာရှိတယ်။ ကွင်းလယ်ကစားပုံက စိတ်မချရသလို၊ တိုက်စစ်ပိုင်းကလည်း ဂိုးသွင်းနှုန်း သိသိသာသာ ကျဆင်းနေတာတွေ့ရတယ်။ ဒါပေမဲ့ နယူးကာဆယ်ရဲ့ပြဿနာတွေက မန်ယူထက်ပိုဆိုးပြီး၊ အသင်းနည်းပြဘင်နီတက်ဇ်မှာလည်း ဖိအားတွေနဲ့ပါ။ မန်ယူကွင်းမှာ နယူးကာဆယ် သရေကစားဖို့မဖြစ်နိုင်ဘူး။

 

 

 

Most Read

Most Recent