ရှားပါးစကော့ဝီစကီကို ကမ္ဘာ့စံချိန်တင်စျေးဖြင့် ရောင်းချခဲ့ရ

ရှားပါးစကော့ဝီစကီကို ကမ္ဘာ့စံချိန်တင်စျေးဖြင့် ရောင်းချခဲ့ရ
အောက်တိုဘာ ၃ ရက်တွင် အက်ဒင်ဘရာ၌ လေလံပွဲတွင် ရှားပါးစကော့ဝီစကီပုလင်းကို ပြသထားစဉ် (Photo: AFP)
အောက်တိုဘာ ၃ ရက်တွင် အက်ဒင်ဘရာ၌ လေလံပွဲတွင် ရှားပါးစကော့ဝီစကီပုလင်းကို ပြသထားစဉ် (Photo: AFP)
Published 4 October 2018
Ref: AFP

အောက်တိုဘာ ၃ ရက်က အက်ဒင်ဘရာလေလံပွဲတွင် အလွန်တရာ ရှားပါးသော ဝီစကီပုလင်းကို ကမ္ဘာ့စံချိန်တင်စျေးဖြင့် ရောင်းချခဲ့ရသည်ဟု အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။ သက်တမ်း အနှစ် ၆၀ ရှိသော မက်ကားလန်ဗယ်လာရီ ယိုအဒါနီ ၁၉၂၆  ပုလင်းကို ဘွန်ဟမ်းတွင် စုစုပေါင်းပေါင် ၈၄၈၇၅၀ (ဒေါ်လာ ၁.၀၉ သန်းခန့်၊ ယူရို ၉၄၇၀၀၀ ခန့်) ဖြင့် ရောင်းချခဲ့ရသောကြောင့် မေလတွင်ဟောင်ကောင်၌ ပေါင် ၈၁၄၀၈၁ ဖြင့် ရောင်းချခဲ့သော အလားတူ ဝီစကီ အမျိုးအစားထဲမှ ဝီစကီပုလင်း၏ စံချိန်ကို ကျော်ဖြတ်ခဲ့သည်။ 

“ဝယ်သူကတော့ ဝီစကီကိုတော်တော် စိတ်ဝင်စားတဲ့အာရှက လူတစ်ယောက်ဖြစ်ပါတယ်။ အာရှနေရာအနှံ့မှာ ဝီစကီဘားတွေ ဖွင့်နေကြပါတယ်။ ဒါကြောင့်အာရှမှာ ဝီစကီကို စိတ်ဝင်စားမှု ကြီးမားနေပါတယ်။ ကျွန်တော်တို ့ရောင်းချမှုရဲ့ သုံးပုံတစ်ပုုံဖြစ်တဲ့ ရာခိုင်နှုန်း ၄၀ ဟာ အာရှက ဝယ်လက်တွေကို ရောင်းချရတာ ဖြစ်ပါတယ်” ဟု အရက်ကျွမ်းကျင်သူ ရစ်ချက်ဒ်ဟာဗေးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ဘွန်ဟမ်းသည်လေလံပွဲတွင် တန်ဖိုးအကြီးဆုံး ဝီစကီပုလင်း သုံးပုလင်း ရောင်းချရသည့် စံချိန်ကို ယခုတင်ထားပြီဖြစ်သည်။       

ဝီစကီကို ၁၉၂၆ ခုနှစ်တွင် ပေါင်းခံထားခဲ့ခြင်းဖြစ်ပြီး စည်ထဲတွင် သိုလှောင်ထားကာ ၁၉၆၈ ခုနှစ်တွင် ပုလင်းသွတ်ခဲ့ခြင်း ဖြစ်သည်။ နာမည်ကျော်ပေါ့အနုပညာရှင်နှစ်ဦးက ဒီဇိုင်းထုတ်ခဲ့သော တံဆိပ်ဖြင့် ၂၄ ပုလင်းကိုသာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent