ဗန်ဒိုက်အား ခေါင်းဆောင်အဖြစ် အသင်းဖော်များက ရွေးချယ်ခြင်းဖြစ်

ဗန်ဒိုက်အား ခေါင်းဆောင်အဖြစ် အသင်းဖော်များက ရွေးချယ်ခြင်းဖြစ်
Published 29 October 2018

လီဗာပူးလ်အသင်း နောက်ခံ လူ ဗန်ဒိုက်အား တတိယအသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူရန် အသင်းဖော်များကိုယ်တိုင် ရွေးချယ် ထားခြင်းဖြစ်ကြောင်း နည်းပြယာဂန် ကလော့ပ်က ပြောကြားသည်။

လီဗာပူးလ်အသင်း၏ ပထမ အသင်းခေါင်းဆောင် ဟန်ဒါဆန် သည် တံကောက်ကြောဒဏ်ရာ ကြောင့် အနားယူနေရပြီး ဒုတိယ အသင်းခေါင်းဆောင် မီလ်နာမှာမူ ဒဏ်ရာသက်သာလာပြီဖြစ်သော် လည်း ပွဲချိန်ပြည့်ကစားခွင့်မရသေး ဘဲ လူစားလဲအဖြစ်သာ ပါဝင်ကစား လျက်ရှိသည်။

သို့ဖြစ်ရာ ဇဗက်ဒါ (ရက်စတားဘဲလ်ဂရိတ်) အသင်းနှင့် ချန်ပီယံလိဂ်ပွဲ၊ ကာဒစ်ဖ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲများတွင် ဗန်ဒိုက် က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

၎င်းသည် ဇန်နဝါရီမှသာ အသင်းသို့ ရောက်ရှိလာသော်လည်း ကာလတို အတွင်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခြင်းဖြစ်ရာ ကလော့ပ် က ''ချန်ပီယံလိဂ်ပွဲမှာ အသင်းခေါင်း ဆောင်တာဝန်ယူမယ့်သူကို ကစား သမားတွေက မဲပေးရွေးချယ်ကြတာ ပါ။ ဗာဂျီလ် (ဗန်ဒိုက်) နဲ့ ဂျီနီ (၀ိုင် နယ်လ်ဒမ်း) တို့က မဲအများဆုံးရလို့ အသင်းခေါင်းဆောင်တာဝန်ပေးခဲ့ တာပါ''ဟု ပြောကြားသည်။

Most Read

Most Recent