စပါးအသင်းသည် အသင်း၏ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်အား စာချုပ်သစ်ချုပ်ဆိုနိုင်ရန်အတွက် သူ၏အေးဂျင့်များနှင့် ပြန်လည်ဆွေးနွေးရန် စီစဉ်နေကြောင်း သိရသည်။
စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီကတည်းက အဲရစ်ဆင်ကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်ခဲ့သော်လည်း လစာငွေညှိနှိုင်းမရမှုကြောင့် ယနေ့အချိန်အထိ ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။
အဲရစ်ဆင် (၂၆ နှစ်) ၏ အေးဂျင့်များက လက်ရှိတစ်ပတ်လစာ (၇၀၀၀၀) ရရှိနေသော အဲရစ်ဆင်ကို ပေါင် (၁၆၀၀၀၀)အထိ တိုးမြှင့်ပေးရန် တောင်းဆိုနေခြင်းကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရရှိခဲ့ခြင်းဖြစ်သည်။
အဲရစ်ဆင်အား ခေါ်ယူရန် ပြင်သစ်ကလပ် PSG၊ စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေပြီး စပါးအသင်းနှင့် ၎င်း၏ စာချုပ်သစ်ဆွေးနွေးမှုအခြေအနေကို စောင့်ကြည့်လေ့လာနေကြောင်း သိရှိရသည်။