အင်တာမီလန်အသင်း၏ ဥက္ကဋ္ဌအဖြစ် အသက် (၂၆) နှစ်အရွယ် စတီဗင်ချန်းတာဝန်ယူမည်

အင်တာမီလန်အသင်း၏ ဥက္ကဋ္ဌအဖြစ် အသက် (၂၆) နှစ်အရွယ် စတီဗင်ချန်းတာဝန်ယူမည်
Published 28 October 2018

 

စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်း၏ ဥက္ကဋ္ဌသစ်အဖြစ် အသက် (၂၆) နှစ်အရွယ် တရုတ်နိုင်ငံသား စတီဗင်ချန်းက တာဝန်ယူသွားမည်ဖြစ်ကြောင်း အသင်းမှတရားဝင်ထုတ်ပြန်ခဲ့သည်။

ချန်းသည် အင်တာမီလန်အသင်း၏ ကလပ်အသင်းသက်တမ်း (၁၁၀) နှစ်အတွင်း (၂၁) ဦးမြောက်ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး၊ ယခင်ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံသား အဲရစ်သိုဟာ၏နေရာတွင် အစားထိုးဝင်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။

ချန်းသည် အင်တာမီလန်အသင်း၏ရှယ်ယာအများဆုံးပိုင်ဆိုင်သာ ဆန်းနင်းလုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သူ ချန်ဂျင်ဒေါင်း၏ သားဖြစ်ပြီး၊ လွန်ခဲ့သည့် (၂) နှစ်ခန့်မှစတင်ကာ အသင်း၏ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ဆောင်ရွက်နေသူလည်းဖြစ်သည်။

အသင်းဥက္ကဋ္ဌတာဝန်ကို ရယူပြီးနောက် ချန်းက ” အသင်းရဲ့အနာဂတ်သစ်မှာ ဦးဆောင်ခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့ဟာ အသင်းရဲ့ အားကစားဆိုင်ရာလုပ်ဆောင်ချက်တွေအပေါ်

အာရုံစိုက်သွားမှာဖြစ်သလို၊ အသင်းကို ပြည်တွင်းပြိုင်ပွဲတွေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေအားလုံးမှာ အမြင့်ဆုံးအောင်မြင်မှုတွေရအောင် အလုံးစုံထောက်ပံ့ဖြည့်တင်းမှုတွေပြုလုပ်သွားမှာပါ” ဟုပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ဥက္ကဋ္ဌဟောင်းသိုဟာလက်ထက်တွင် (၅) နှစ်အတွင်း အဓိကဆုဖလား တစ်လုံးမျှမရရှိခဲ့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း (၆) နှစ်အကြာတွင်မှ တစ်ကျော့ပြန်ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent