■ ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 26 October 2018

 

ဗယ်လာဒိုလစ် နှင့် အက်စ်ပန်ညို (စနေနံနက် ၁း၃၀ နာရီ)

မထင်မှတ်ဘဲ ထိပ်ဆုံး (၆) သင်းထဲရောက်နေပြီး ရီးယဲလ်မက်ဒရစ်လို အသင်းကြီးရဲ့အထက်မှာ ရပ်တည်နေကြတဲ့ ဒီနှစ်သင်းရဲ့ပွဲက ကြည့်ကောင်းမှာသေချာပါတယ်။ ဗယ်လာဒိုလစ်က နိုင်ပွဲဆက်နေသလို ခံစစ်ပိုင်းက သိပ်သည်းမှုလည်းရှိတယ်။ ဒီပွဲတော့ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။



ဖရိုင်းဘတ် နှင့် မိုချန်ဂလာဘတ် (စနေနံနက် ၁းဝ၀ နာရီ)

အဝေးကွင်းနောက်ဆုံးပွဲမှာ ဘိုင်ယန်လိုအသင်းကို မိုချန် အနိုင်ကစားခဲ့ပေမယ့် ယုံစားလို့တော့ မရသေးဘူး။ ဖရိုင်းဘတ်ကို ပိုကြိုက်တယ်။



နီးစ် နှင့် စိန့်အက်တီယန် (စနေနံနက် ၁း၁၅ နာရီ)

နီးစ်အသင်း ရာသီအစက ပုံစံကောင်းပြခဲ့ပေမယ့် အခုချိန်မှာတော့ ခြေကျသွားပြီး (၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ စိန့်အက်တီယန်အသင်း အနိမ့်ဆုံးသရေကစားသွားမှာပါ။

Most Read

Most Recent