ချယ်လ်ဆီးအသင်းအား အနိုင်ရခဲ့လျှင်ပင် ပရိသတ်များကြောင့် အလွန်အကျွံအောင်ပွဲခံမည်မဟုတ်ဟု မော်ရင်ဟိုပြောကြား

ချယ်လ်ဆီးအသင်းအား အနိုင်ရခဲ့လျှင်ပင် ပရိသတ်များကြောင့် အလွန်အကျွံအောင်ပွဲခံမည်မဟုတ်ဟု မော်ရင်ဟိုပြောကြား
Published 19 October 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက မိမိအနေဖြင့် ချယ်လ်ဆီးအား စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် အနိုင်ရခဲ့ပါက အသင်းဟောင်းပရိသတ်များကိုလေးစားသည့်အနေဖြင့် အလွန်အကျွံအောင်ပွဲခံလိမ့်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက်(၅၅)နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းအား ၂၀၀၄ မှ ၂၀၀၇ အထိလည်းကောင်း၊ ၂၀၁၃မှ ၂၀၁၅ အထိလည်းကောင်း (၂)ကြိမ်တိုင် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆု (၃)ကြိမ်ရယူပေးနိုင်ခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ မော်ရင်ဟိုက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် မိမိတို့အသင်းအနိုင်ရခဲ့လျှင်လည်း  အသင်းဟောင်းပရိသတ်များကို လေးစားသည့်အနေဖြင့် စိတ်ခံစားမှုကိုထိန်းချုပ်ကာ အောင်ပွဲခံသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက '' စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကျွန်တော့်အသင်း ဂိုးသွင်းလို့ဖြစ်စေ၊ အနိုင်ရလို့ဖြစ်စေ အလွန်အကျွံအောင်ပွဲခံဖို့ စဉ်းစားထားသလားလို့မေးလာမယ်ဆိုရင် ကျွန်တော်ကတော ့အဲလိုမတွေးထားပါဘူး။ ကျွန်တော့်ခံစားချက် ကို ထိန်းချုပ်ရပါမယ်။ ဒီကွင်းနဲ့ ဒီပရိသတ်တွေကို ကျွန်တော် လေးစားရပါမယ်။ သူတို့ဟာ နှစ်ပေါင်းများစွာ ကျွန်တော့်ကို ဒီကွင်းထဲမှာ အားပေးထောက်ခံခဲ့ကြသူတွေပါ။ အဲဒီပွဲမှာ ကျွန်တော့်အသင်း၊ ကျွန်တော့်ကစားသမားတွေ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ဖို့ အလိုရှိပါတယ်။ အဲဒီပွဲအတွက် ကျွန်တော်ကတော့ (၁၀၀)ရာခိုင်နှုန်းမန်ချက်စတာယူနိုက်တက်ပါ '' ဟုပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့် နယူးကာဆယ်အသင်းအား (၃-၂)ဂိုးဖြင့်အနိုင်ရသောပွဲစဉ်တွင် ပွဲအပြီး၌ ကင်မရာဘက်လှည့်ကာ ပေါ်တူဂီဘာသာစကားဖြင့် ဆဲရေးတိုင်းထွာခဲ့သည်ဆိုသည့် စွဲချက်ဖြင့် FA ၏စစ်ဆေး

မှုခံနေရပြီး ချယ်လ်ဆီးအသင်းနှင့်ပွဲစဉ်ကိုမူ ကွင်းအတွင်း ကိုင်တွယ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent