ဆယ်လ်တာဗီဂို နှင့် အလာဗတ်စ် (စနေနံနက် ၁း၃၀ နာရီ)
ဒီရာသီအစမှာ မထင်မှတ်ဘဲ ရီးယဲလ်နဲ့ ရမှတ်တူရပ်တည်နေနိုင်တဲ့ အလာဗတ်စ်ရဲ့ခြေစွမ်းက အားရစရာလို့ ပြောရမယ်။ ဒါပေမဲ့ အလာဗတ်စ် အဝေးကွင်းပုံမှန်ခြေမရှိဘူး။ ဒီပွဲတော့ အိမ်ရှင် ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲ ကြိုက်တယ်။
ဖရန့်ဖတ် နှင့် ဒစ်ဆယ်ဒေါ့ဖ် (စနေနံနက် ၁းဝ၀ နာရီ)
(၃)ပွဲဆက်အရှုံးက ဒစ်ဆယ်ဒေါ့ဖ်လို တန်းတက်အသင်း တစ်သင်းကို စိတ်ပိုင်းဆိုင်ရာ များစွာထိခိုက်သွားနိုင်တယ်။ ဖရန့် ဖတ် အနိုင်သေချာပါတယ်။
လိုင်ယွန် နှင့် နီးစ် (စနေနံနက် ၁း၁၅ နာရီ)
နီးစ်အသင်းက တန်းတက်ပေမယ့် တိုက်စစ်ထက်မြက်ပြီး အမှတ်ရအောင် ကစားတတ်တယ်။ ဒါပေမဲ့ ဂိုးပြတ်အရှုံးဒဏ်ရာက ရုန်းထွက်မယ့် လိုင်ယွန်ကို ယုံကြည်တာပဲ ကောင်းမယ်။