မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတစ်ခုလုံးအား တပ်မတော်က တိုက်ရိုက်ချုပ်ကိုင် အုပ်ချုပ်နိုင်ပါရန် ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ တောင်းဆို

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတစ်ခုလုံးအား တပ်မတော်က တိုက်ရိုက်ချုပ်ကိုင် အုပ်ချုပ်နိုင်ပါရန် ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ တောင်းဆို
Published 1 November 2017

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသတစ်ခုလုံးအား တပ်မတော်က တိုက်ရိုက်ချုပ်ကိုင် အုပ်ချုပ်နိုင်ပါရန် ဒိုင်းနက် လူမျိုးများ တိုးတက်ရေးပါတီက အောက်တိုဘာ ၂၉ ရက် နေ့စွဲဖြင့် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

အဆိုပါ သဘောထားကြေညာချက်ကို မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေ နယ်မြေ မိုင်တိုင်အမှတ် (၄၆/၄၇) တွင် အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ဘင်္ဂါလီအကြမ်းဖက် ၁၅ ဦးခန့်က အောင်သပြေရွာသား ဒိုင်းနက် (ဆက္ကမ) လူမျိုးလေးဦးအား တိုက်ခိုက်၍ နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းအပေါ် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေညာချက်တွင် နိုင်ငံတော်အစိုးရ ပြည်နယ်အစိုးရတို့က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောတွင် နယ်မြေ အေးချမ်းပြီး လုံခြုံမှုရှိသည်ဟု မည်သို့ပင်ပြောဆိုစေကာမူ ယခုကဲ့သို့ တိုင်းရင်းသားများ၊ မျိုးနွယ်စုများ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိမှုများ ရှိနေခြင်းသည် အစိုးရ၏ အပေါ်ယံ အမြင်တစ်ခုတည်းကိုသာ ဦးတည်ပြောကြားခြင်းဖြစ်ကြောင်း၊ အမှန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတို့တွင် နယ်မြေလုံခြုံမှု လုံးဝမရှိကြောင်း၊ အကြမ်းဖက်သမားများ စုပြုံပြီး တစ်နေရာရာတွင်ရှိနေကြောင်း၊ အခွင့်သာလျှင် ဆက်လက်တိုက်ခိုက်လာနိုင်ဖွယ်ရှိကြောင်း ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီက ယုံကြည်ကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ ကျေးရွာအုပ်စုများတွင် အကြမ်းဖက်လက်နက်ကိုင်များ ရှိနေသေး၍ နယ်မြေလုံခြုံမှု လုံးဝမရှိဟု တိုင်းရင်းသားများက ယုံကြည်သဖြင့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုများ စိတ်ချမ်းသာစွာ လုပ်ကိုင်စားသောက်နိုင်ရေးကို ရှေးရှုလျက် အေးချမ်း လုံခြုံမှု အပြည့်အဝရှိစေရန် နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ၊ နိုင်ငံရေးပါတီ နှင့် တပ်မတော်တို့ ပေါင်းစပ်ညှိနှိုင်း၍ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသတစ်ခုလုံးအား တပ်မတော်က တိုက်ရိုက်ချုပ်ကိုင် အုပ်ချုပ်နိုင်ပါရန် ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီက တောင်းဆိုကြောင်း ပါရှိ ည်။

ယင်းသို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုရခြင်းနှင့်ပတ်သက်၍ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦး အောင်ကျော်ဇောက “သြဂုတ် ၂၅ ရက်နောက်ပိုင်း ပြဿနာဖြစ်တဲ့အချိန်မှာ ရွာသား၂၆ ယောက်လောက်ဟာ ကြောက်ပြီးတော့ အောင်သပြေဘက်ကို အကူး ကြောင်ဒိုးတံတားနားမှာ ဘင်္ဂါလီတွေ ဝိုင်းခုတ်တာ ခံရတယ်။ ခြောက်ယောက်သေတယ်။ တကယ့်ကို ရက်ရက်စက်စက် လုပ်သွားတာပါ။ ကလေးမတစ်ယောက်မှာဆိုရင် နှစ်နှစ်အရွယ် ကလေးတစ်ယောက်ကို သူ့ရင်ခွင်ထဲကဆွဲပြီးတော့ ခုတ်သတ်၊ သူ့ အမေကိုလည်း ခုတ်ထစ် သေပြီဆိုပြီး ထားခဲ့ရာကနေ ပြန်ရှင်လာတယ်။ ရှင်လာရတဲ့အကြောင်းကလည်း ၂၆ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဦးဦးဘစိန်ဆိုတဲ့ ကောင်လေး ကလွတ်သွားလို့ သက်ဆိုင်ရာ ဒေသအစိုးရကို သတင်းပို့ပြီး ပြန်ရှာတာမှာပြန်တွေ့တာပါ။ အခုအောင်သပြေမှာ တောဝက်လိုက်ရင်း လေးယောက်ထဲက နှစ်ယောက်သေပါတယ်။ အားလုံးပေါင်း ရှစ်ယောက် သေပါတယ်။ပျောက်ဆုံးနေတာလည်း ရှိပါတယ်။ ပျောက်တာမှာ ဘူးသီးတောင်ဘက်ကတစ်ယောက်နဲ့ မောင်တောဘက်က တစ်ယောက်ရှိပါတယ်။ အခုထိ အစအန ရှာမတွေ့သေးပါဘူး” ဟု ပြောကြားသည်။

 

 

Most Read

Most Recent