မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်းအရ သစ်တောစိုက်ခင်းဧရိယာ ၃၅၀၀၀ ကျော် တည်ထောင်မည်

မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်းအရ သစ်တောစိုက်ခင်းဧရိယာ ၃၅၀၀၀ ကျော် တည်ထောင်မည်
Published 31 October 2017

မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းအရ ၁၀ နှစ်အတွင်း သစ်တောစိုက်ခင်းဧရိယာ ၃၅၀၀၀ ကျော် တည်ထောင်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး ၁၀ နှစ်စီမံကိန်းကို ၂၀၁၇-၂၀၁၈မှ ၂၀၂၆-၂၀၂၇ အထိဆောင်ရွက်ရန် ရေးဆွဲအတည်ပြုထားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းတွင် စိုက်ခင်းမူဝါဒရေးဆွဲခြင်း၊ သဘာဝတောတန်ဖိုးမြှင့် ထိန်းသိမ်းခြင်း၊ အစိုးရပိုင်နှင့်ပုဂ္ဂလိကပိုင်စိုက်ခင်းများ တည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ခင်းများ တည်ထောင်ခြင်း၊ လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေခြင်း၊ သစ်စေ့နှင့်ပျိုးပင်ဌာနများ တည်ထောင်ခြင်း၊ ငါးနှစ်ပြည့်ပြီး စိုက်ခင်းဟောင်းများ ပြန်လည်ပြုစုခြင်း၊ သစ်စေ့ထုတ်ဧရိယာနှင့် မျိုးသန့်ဥယျာဉ်များ တည်ထောင်ခြင်း၊ ကြိုးဝိုင်းနှင့်ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ရေရရှိရေးဆောင်ရွက်ခြင်း၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ပျိုးခြင်း၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်အသုံးချခြင်း၊ သင်တန်းများပို့ချခြင်း၊ အသုံးချသုတေသနများ ဆောင်ရွက်ခြင်းနှင့် တိုးချဲ့ပညာပေးခြင်းလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည်။

Most Read

Most Recent