အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ကြက်သွန်လှီး စတီးဓားဖြင့်ထိုးမှု ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဖြစ်ပွား

အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ကြက်သွန်လှီး စတီးဓားဖြင့်ထိုးမှု ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဖြစ်ပွား
Published 29 October 2017

အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးမှု ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၇ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က ဆိပ်ကြီးခနောင်တိုမြို့နယ် ဆမားဒူးဝါးရပ်ကွက်မှ ဆယ်အိမ်မှူး ဦးခင်လှိုင်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် တစ်ရပ်ကွက်တည်းနေ သမ္ဗာန်မောင်းနှင်သည့် အလုပ်လုပ်ကိုင်သူ ဦး ... (၃၂)နှစ်သည် အရက်ဖြတ်ထားရာမှာ အရက်ကြောင်ကြောင်ပြီး မိမိကိုယ်ကိုယ် ဓားဖြင့်ထိုးကြောင်း၊ အဆိုပါဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြောင်း ဦး.... (၃၂) နှစ်၏ ဦးလေးက လာရောက်ပြောဆိုသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။

ထိုသို့သွားရောက်ကြည့်ရှုရာ ဦး ....(၃၂) နှစ်ကို ၎င်း၏နေအိမ်ရှေ့ခန်း၌ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် သွေးများထွက်ကာ လဲကျနေသည်ကို တွေ့ရှိခဲ့ရပြီး အဆိုပါဒဏ်ရာများမှာ ကြက်သွန်လှီးသည့် စတီးဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းသို့ အကြောင်းကြားကာ ဦး....ကို ဆပ်ကြီးခနောင်တို မြို့နယ်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ်တင်ပို့ခဲ့ကြောင်း၊ မိမိကိုယ်ကိုယ်သေစေရန် အားထုတ်သူ ဦး ... ကိုအရေးယူပေးရန် ဆိပ်ကြီးခနောင်တို မြို့မရဲစခန်းသို့ တိုင်ကြားသဖြင့် ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းက (ပ) ၆၉၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၉ (မိမိကိုယ်ကိုယ်သတ်ရန် အားထုတ်ခြင်း) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent