မြန်မာအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ကို ကြားနာရန် လုံခြုံရေးကောင်စီအား အမေရိကန် အပါအဝင် ကိုးနိုင်ငံက တောင်းဆို

မြန်မာအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ကို ကြားနာရန် လုံခြုံရေးကောင်စီအား အမေရိကန် အပါအဝင် ကိုးနိုင်ငံက တောင်းဆို
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံမှ ဒေသန္တရ တာဝန်ရှိသူများ၊ သက်ကယ်ပြင်စခန်းမှ မွတ်စလင်များနှင့် တွေ့ဆုံနေစဉ် (Photo: AFP)
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံမှ ဒေသန္တရ တာဝန်ရှိသူများ၊ သက်ကယ်ပြင်စခန်းမှ မွတ်စလင်များနှင့် တွေ့ဆုံနေစဉ် (Photo: AFP)
Published 17 October 2018
Ref: AFP

ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) မွတ်စလင်များအပေါ် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို စွပ်စွဲထားသော ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်မှ ကြားနာရန် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်တွင် အမေရိကန်အ ပါအဝင် အခြားနိုင်ငံရှစ်နိုင်ငံက မေတ္တာရပ်ခံခဲ့သည်။

အဆိုပါ မေတ္တာရပ်ခံချက်ကို မြန်မာစစ်တပ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိထားသည့် တရုတ်က အတိုက်အခံလုပ်ရန်ရှိနေပြီး တရုတ်သည် မြန်မာနိုင်ငံကို လုံခြုံရေးကောင်စီက အရေးယူခြင်းကိုလည်း အကာအကွယ်ပေးလိုနေသည်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ဥက္ကဋ္ဌသည် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ မစ်ရှင်အနေဖြင့် နောက်ထပ် သတင်းအချက်အလက်များ လက်ခံရရှိနိုင်စေရန်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် မစ်ရှင်၏ပါဝင်မှုကိုလည်းကောင်း လုံခြုံရေးကောင်စီကို အစီရင်ခံသင့်သည်ဟု အေအက်ဖ်ပီက မြင်တွေ့ခဲ့ရသော နိုင်ငံကိုးနိုင်ငံ၏ ပူးတွဲထုတ်ပြန်စာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံကို သည်ဟိတ်ရှိ နိုင်ငံတကာရာဇဝတ်ရုံးသို့ လွှဲပြောင်းပေးရန် သို့မဟုတ် ယူဂိုဆလားဗီးယားပြည်ထောင်စုဟောင်းကို လုပ်ဆောင်ခဲ့သည့်အတိုင်း အပြည်ပြည်ဆိုင်ရာ အထူးခုံရုံးတစ်ရပ် ဖွဲ့စည်းရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တောင်းဆိုထားသော ပေါက်ကွဲလွယ်သည့် အစီရင်ခံစာကို လွန်ခဲ့သောလတွင် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာနိုင်ငံ၏ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရမည်ဟု ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က ပြောကြားခဲ့သည်။ 

နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဘင်္ဂါလီ ၇၀၀,၀၀၀ ကျော် ထွက်ပြေးခဲ့ရသည့် လွန်ခဲ့သောနှစ်က ဖြိုခွင်းမှုတွင် မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲပြောကြားမှုများအား မြန်မာအစိုးရက ငြင်းဆန်ခဲ့သည်။

အချက်အလက် ရှာဖွေရေးမစ်ရှင်ကို ကြားနာရန် မေတ္တာရပ်ခံမှုအား ၎င်း၏အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မြန်မာသံအမတ် ဦးဟောက်ဒိုစွမ်က လုံခြုံရေးကောင်စီသို့ သီးခြားပေးပို့သော ပေးစာတစ်စောင်တွင် ဖော်ပြခဲ့သည်။ 

အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို ခိုင်မာသော သက်သေအထောက်အထားများပေါ်တွင် အခြေခံထားခြင်းမဟုတ်ဘဲ ပြောစကားများကို အခြေခံထားခြင်းဖြစ်သောကြောင့် အစီရင်ခံစာသည် တစ်ဘက်သက်ဆန်နေကြောင်း မြန်မာအစိုးရ၏ မကျေနပ်ချက်များကို ဦးဟောက်ဒိုစွမ်က ထပ်တလဲလဲ ပြောကြားခဲ့သည်။

Most Read

Most Recent