ကောင်းမွန်သည့်ဆက်ဆံရေးဖြင့်သာ ချယ်လ်ဆီးနှင့်လမ်းခွဲဖြစ်မည်ဟု ဟာဇက် ပြောကြား

ကောင်းမွန်သည့်ဆက်ဆံရေးဖြင့်သာ ချယ်လ်ဆီးနှင့်လမ်းခွဲဖြစ်မည်ဟု ဟာဇက် ပြောကြား
Published 16 October 2018

ရီးယဲလ်မက်ဒရစ်အသင်းနှင့် အပြောင်းအရွှေ့ သတင်းများထွက်ပေါ်နေသည့် ချယ်လ်ဆီးအသင်းကစား သမား ဟာဇက်က အသင်းနှင့်လမ်းခွဲဖြစ်ပါက ကောင်းမွန် သည့်ဆက်ဆံရေးအခြေအနေဖြင့်သာ လမ်းခွဲမည်ဖြစ် ကြောင်း ထုတ်ဖော်ပြောကြားသည်။

ချယ်လ်ဆီးအသင်းနှင့် ဟာဇက်၏ စာချုပ်သက်တမ်း မှာ ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး ယခုအချိန်အထိ သက်တမ်းတိုးရန် သဘောတူညီမှုမရ သေးကြောင်း သိရသည်။

ဟာဇက်က မိမိ၏ငယ်ဘဝအိပ်မက်မှာ ရီးယဲလ်အသင်း၌ ကစားခွင့်ရရေးဖြစ် ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်က ထုတ်ဖော်ပြောကြား ပြီးနောက် အပြောင်းအရွှေ့သတင်းများ ပိုမိုထွက်ပေါ်လာ ခြင်းဖြစ်သည်။

ယင်းသတင်းများနှင့်ပတ်သက်၍ ဟာဇက် က ''နွေရာသီတုန်းက ကျွန်တော်ထွက်ခွာလို့မရဘူးဆိုတာ ချယ်လ်ဆီးအသင်းက အသိပေးထားပြီးသားပါ။ ကျွန် တော့်ဘက်ကလည်း လက်ခံပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ပျော်ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက်လည်း နောင်တမရပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းနဲ့  ဘယ် တော့မှပြဿနာမဖြစ်ပါဘူး။ ချယ်လ်ဆီးကထွက်ခွာဖြစ်ရင်လည်း ကောင်းမွန်တဲ့ပုံစံနဲ့ပဲဖြစ်မှာပါ''ဟု ပြောကြားသည်။

ထို့ပြင် ၎င်းက လာမည့်ဇန်နဝါရီတွင် ချယ်လ်ဆီးအသင်းမှ လုံးဝထွက်ခွာမည်မဟုတ်ကြောင်းလည်း ကတိပြုခဲ့သည်။

ဟာဇက်သည် ယခုရာသီတွင် ခြေစွမ်းပြနေကာ အသင်းအတွက် ပြိုင်ပွဲစုံ (၈)ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်တွင်လည်း (၇)ဂိုးအထိသွင်းကာ ဂိုးသွင်းအများဆုံးစာရင်းကို ထိပ်ဆုံးမှဦးဆောင်လျက်ရှိသည်။

Most Read

Most Recent