ပြင်သစ်နှင့်ပွဲမှာ ဂျာမနီနည်းပြ ယော်ကင်လိုးအတွက် နောက်ဆုံးပွဲဖြစ်လာနိုင်သည်ဟု Bild သတင်းစာ သုံးသပ်

ပြင်သစ်နှင့်ပွဲမှာ ဂျာမနီနည်းပြ ယော်ကင်လိုးအတွက် နောက်ဆုံးပွဲဖြစ်လာနိုင်သည်ဟု Bild သတင်းစာ သုံးသပ်
Published 15 October 2018

ဂျာမနီနိုင်ငံမှ နာမည်ကြီး သတင်းစာ Bild က ဂျာမနီလက် ရွေးစင်အသင်းနည်းပြ ယော်ကင် လိုးအတွက် ပြင်သစ်အသင်းနှင့်ပွဲ မှာ နောက်ဆုံးပွဲဖြစ်လာနိုင်သည်ဟု သုံးသပ်ခဲ့သည်။

ယော်ကင်လိုးသည် ဂျာမနီအ သင်းကို ကိုင်တွယ်ခဲ့သည့် (၁၂)နှစ် တာကာလအတွင်း အောင်မြင်မှုများ ရယူပေးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားတွင် အုပ်စုအ ဆင့်မှ ရုပ်ပျက်ဆင်းပျက်ထွက်ခွာ ခဲ့ရပြီးနောက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်လာခဲ့ရသည်။

လက်ရှိယှဉ် ပြိုင်နေသည့် Nations League ပြိုင်ပွဲတွင်လည်း ရလဒ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ယော်ကင် လိုးအနေဖြင့် ဖိအားများအောက် သို့ ပိုမိုကျရောက်ခဲ့ရသည်။

ဂျာမနီ အသင်းသည် ၂၀၁၈ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်(၁၀)ပွဲ၌ ရှုံးပွဲ(၅)ပွဲအထိရှိခဲ့ပြီး သမိုင်းတစ်လျှောက် ရှုံးပွဲအများဆုံးနှစ်ဆိုသည့် စံချိန်ဆိုးကို ပိုင်ဆိုင်ခဲ့ရပါက ယော်ကင်လိုးအတွက် အခွင့်အရေး ရှိနိုင်တော့မည်မဟုတ်ဟု Bild က သုံးသပ်ခဲ့ခြင်းလည်းဖြစ်သည်။

ဂျာမနီလက်ရွေးစင်အသင်း သည် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ရှုံးပွဲ(၆)ပွဲ ကြုံတွေ့ ခြင်းမရှိခဲ့ဖူးဘဲ ယခုအခါ ယော်ကင်လိုး၏ လက် ထက်တွင်မှ ပထမဆုံး ကြုံတွေ့ရ မည့် အခြေအနေ ဖြစ်လာခြင်းလည်း ဖြစ်သည်။

ဂျာမနီအသင်းသည် ယခု နှစ်အတွင်း ပွဲစဉ် (၃)ပွဲ ထပ်မံကစား ရန် ကျန်ရှိနေသည့်အနက် ပြင်သစ် နှင့် ယှဉ်ပြိုင်ရမည့် အဝေးကွင်းပွဲစဉ် မှာ ရှုံးနိမ့်ရန် အလားအလာအများ ဆုံးပွဲဖြစ်သည်ဟု Bild က ယူဆ ထားခြင်းကြောင့် ယော်ကင်လိုးအ တွက် နောက်ဆုံးပွဲဖြစ်လာနိုင်သည် ဟု သုံးသပ်ခဲ့ခြင်းလည်းဖြစ်သည်။

ဂျာမနီအသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ယော်ကင်လိုးကလည်း နယ်သာ လန်အသင်းကို ဂိုးပြတ်ရှုံးနိမ့် ခဲ့ပြီး နောက် ဖိအားများ ပိုမိုမြင့်တက်လာ ကြောင်း ဝန်ခံခဲ့သည်။

သို့သော် အ သင်းခေါင်းဆောင် ဂိုးသမား နော် ယာကမူ ကစားသမားအားလုံးက နည်းပြနှင့်အတူ တိုက်ပွဲဝင်သွားရန် အသင့်ရှိနေသည်ဟု ဆိုခဲ့သည်။

Most Read

Most Recent