ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးသည် လက်ရွေးစင်အသင်းကို ပွဲအများဆုံး ကိုင်တွယ်ထားသည့်နည်းပြအဖြစ် နယ်သာလန်အသင်းအား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
UEFA Nations League ပြိုင်ပွဲ၏ League A-Group (1) ပွဲစဉ် နယ်သာလန် (၃-၀) ဂျာမနီပွဲမှာ နည်းပြ ယော်ကင်လိုးအတွက် ဂျာမနီအသင်းကိုကိုင်တွယ်နည်းပြခဲ့သည့် (၁၆၈)ပွဲမြောက်ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ယော်ကင်လိုးသည် ဂျာမ နီအသင်းကို ပွဲအများဆုံးကိုင်တွယ်သည့် နည်းပြအဖြစ် စံချိန်တင်ထားသော ဟာဘာဂါ(၁၆၇ ပွဲ)ကိုကျော်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အသက် (၅၈)နှစ်အရွယ်ရှိ ယော်ကင်လိုးသည် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းနည်းပြ ကလင်းစမန်း၏ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ယော်ကင်လိုးသည် ယင်းပြိုင်ပွဲအပြီးတွင် ဂျာမနီအသင်း၏ နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး (၁၂)နှစ်တာကာလအတွင်း ယခုစံချိန်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ယော်ကင်လိုးသည် ဂျာမနီအသင်းကို ၂၀၁၄ ကမ္ဘာ့ဖလားတွင် ချန်ပီယံဆု၊ ၂၀၁၀ ကမ္ဘာ့ဖလားတွင် တတိယ၊ ယူရို-၂၀၀၈ ပြိုင် ပွဲတွင် ဒုတိယနှင့် ၂၀၁၇ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ချန်ပီယံဆုများ ရယူပေးနိုင် ခဲ့သူဖြစ်သည်။ သို့သော် ဂျာမနီအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၉၃၈ ခုနှစ် နောက်ပိုင်း အုပ်စုအဆင့်မှ ပထမဆုံးအကြိမ် ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ယော်ကင်လိုးမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေပြီး ယခု UEFA Nations League ပြိုင်ပွဲတွင်ပါ ရလဒ်များ ဆိုးရွားနေသည့်အတွက် ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိ နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။