အယ်လ်ကာဆာကို ယူရို(၂၃)သန်းဖြင့် ဒေါ့မွန်အသင်း အပြီးသတ်ခေါ်ယူမည်ဟု Bild ဖော်ပြ

အယ်လ်ကာဆာကို ယူရို(၂၃)သန်းဖြင့် ဒေါ့မွန်အသင်း အပြီးသတ်ခေါ်ယူမည်ဟု Bild ဖော်ပြ
Published 14 October 2018

 

ဒေါ့မွန်အသင်းသည် ဘာစီလိုနာအသင်းမှ တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားနေသည့် စပိန်တိုက်စစ်မှူး အယ်လ်ကာဆာကို ယူရို(၂၃) သန်း+ထပ်တိုးကြေး ယူရို(၅)သန်းဖြင့် အပြီးသတ်ခေါ်ယူမည်ဖြစ်ကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့သည်။

အယ်လ်ကာဆာ(၂၄ နှစ်)သည် ယခုရာသီ ဘွန်ဒစ်လီဂါတွင် ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး (၈၁)မိနစ်တွင် (၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ အယ်လ်ကာဆာသည် ပွဲကစားချိန် (၁၃.၅)မိနစ်တွင် (၁)ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းဂိုးသွင်းနှုန်းမှာ ယခုရာသီ ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အမြင့်ဆုံးဖြစ်သည်။

ထို့ကြောင့် ဒေါ့မွန်အသင်းသည် အယ်လ်ကာဆာကို လက်လွှတ်လိုခြင်းမရှိဘဲ အငှားခေါ်ယူစဉ်က ချုပ်ဆိုခဲ့သည့်စာချုပ်ပါအချက်အတိုင်း ပေးချေကာ ခေါ်ယူရန်စီစဉ်နေခြင်းလည်း ဖြစ်သည်။