ထောင့်ကန်ဘောမှ ဂိုးသွင်းယူခဲ့သည့် ဆာလာ ခြေထောက် ကြွက်သား ဒဏ်ရာရရှိ

ထောင့်ကန်ဘောမှ ဂိုးသွင်းယူခဲ့သည့် ဆာလာ ခြေထောက် ကြွက်သား ဒဏ်ရာရရှိ
Photos: Daily Mail
Photos: Daily Mail
Published 14 October 2018

 

ဆွာဇီလန်အသင်းနှင့်ကစားသည့်ပွဲ၌ ထောင့်ကန်ဘောမှတစ်ဆင့် တိုက်ရိုက်ဂိုးသွင်းယူခဲ့သည့် အီဂျစ်အသင်းတိုက်စစ်မှူး ဆာလာသည် ဝဲဘက်ခြေထောက်ကြွက်သားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ၏ ခြေစစ်ပွဲဖြစ်သည့် ယင်းပွဲတွင် အီဂျစ်အသင်းက ဆွာဇီလန်အသင်းကို အိမ်ကွင်း၌ (၄-၁) ဂိုးဖြင့် အနိုင်ရပြီး ဆာလာက ပထမပိုင်း (၄၅) မိနစ်တွင် စတုတ္ထမြောက်သွင်းဂိုးကို ထောင့်ကန်ဘောမှတစ်ဆင့် ဘယ်ခြေဖြင့် တိုက်ရိုက်ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းဂိုးမှာ ဆာလာအတွက် လက်ရွေးစင်ကစားသမားဘဝ (၆၁) ပွဲတွင် (၃၈) ဂိုးမြောက် သွင်းဂိုးဖြစ်သော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ဝဲဘက်ခြေထောက်ဒဏ်ရာရရှိခဲ့သောကြောင့် လူစားလဲခဲ့ရသည်။

၎င်း၏ ဒဏ်ရာနှင့်ပတ်သက်၍ အီဂျစ်အသင်းလက်ထောက်နည်းပြ ဟာနီရမ်ဇီက "အသင်းဆရာဝန်ရဲ့ ကနဦးစစ်ဆေးချက်အရ ကြွက်သား နာကျင်မှုဖြစ်သွားတာပါ။ ကြွက်သားစုတ်ပြဲသွားတာမဟုတ်လို့ ပြင်းထန်မယ်လို့မထင်ပါဘူး" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent