ကမ္ဘာ့ဖလားမှရရှိသည့် ငွေကြေးများအား လှူဒါန်းခဲ့ခြင်းကို ဘာပေရှင်းလင်း

ကမ္ဘာ့ဖလားမှရရှိသည့် ငွေကြေးများအား လှူဒါန်းခဲ့ခြင်းကို ဘာပေရှင်းလင်း
Published 13 October 2018

PSG အသင်း၏ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေက ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရရှိခဲ့သည့် ငွေကြေးများကို လှူဒါန်းခဲ့ခြင်းနှင့်ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့သည်။

ဘာပေသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းကို ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သဖြင့် အသင်းအတွက်ပါဝင်ကစားသည့် လစာနှင့်ဆုကြေးအဖြစ် ပေါင် (၃၈၀၀၀၀) ရရှိခဲ့သည်။

ဘာပေသည် အဆိုပါငွေကြေးအားလုံးကို ကျန်းမာရေးချို့ယွင်းနေသည့် ကလေးများအား ထောက်ပံ့သည့် ပြင်သစ်ပရဟိတအဖွဲ့ Premiers de Cordee ထံ လှူဒါန်းခဲ့သည်။ 

အဆိုပါလှူဒါန်းမှုနှင့်ပတ်သက်ပြီး TIME မဂ္ဂဇင်းနှင့်တွေ့ဆုံရာတွင် ဘာပေက လိုအပ်သူများကို ကူညီခွင့်ရခဲ့သည့်အတွက် ဝမ်းသာကြောင်းပြောကြားခဲ့သည်။ 

ဘာပေက '' နိုင်ငံအတွက် ကိုယ်စားပြုကစားတာဖြစ်လို့ ကျွန်တော်ပိုက်ဆံမလိုချင်ပါဘူး။ ပြီးတော့ ကျွန်တော့်မှာ ငွေကြေးအလုံအလောက်ရှိနေပါပြီ။ လိုအပ်တဲ့သူတွေကို ကူညီတာဟာ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါကြောင့်ကျွန်တော်အဲဒီငွေကြေးတွေအားလုံးကို ကျွန်တော်လှူဒါန်းခဲ့တာပါ။ ဒါဟာ ကျွန်တော့်အတွက်အပန်းကြီးတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ငွေကြေးက ကျွန်တော့်ရဲ့ဘဝကို မပြောင်းပေးနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်လှူဒါန်းခဲ့တဲ့

ငွေကြေးက ရရှိသူတွေရဲ့ဘဝကို တစ်စုံတစ်ခုပြောင်းပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်အရမ်းဝမ်းသာမိမှာပါ '' ဟုပြောကြားခဲ့သည်။

ဘာပေသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းအတွက် ခြေစွမ်းပြကစားပြီး (၄) ဂိုးအထိသွင်းယူနိုင်ခဲ့သလို ယခုရာသီ လီဂူးပြိုင်ပွဲတွင်လည်း PSG အသင်းအတွက် (၈) ဂိုးအထိသွင်းယူပေးထားသူဖြစ်သည်။ ထို့ပြင် ဘာပေသည်

အသက် (၂၀) မပြည့်ခင်မှာပင် ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၁၀) ဂိုးအထိသွင်းယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယခုလထုတ် TIME မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် Next Generation Leaders ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြခံခဲ့ရသည်။

Most Read

Most Recent