ဖာဘရီဂတ်စ်အား ခေါ်ယူရန် အက်သလက်တီကိုမက်ဒရစ်အသင်းစိတ်ဝင်စားနေ

ဖာဘရီဂတ်စ်အား ခေါ်ယူရန် အက်သလက်တီကိုမက်ဒရစ်အသင်းစိတ်ဝင်စားနေ
Published 13 October 2018

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ချယ်လ်ဆီးအသင်း၏ စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်အားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် (၃၁) နှစ်အရွယ်ရှိ ဖာဘရီဂတ်စ်သည် ယခုရာသီအကုန်တွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ဖာဘရီဂတ်စ်က ၄င်းအနေဖြင့် ချယ်လ်ဆီးအသင်းတွင် ဆက်လက်ကစားလိုကြောင်း ပြောကြားထားသော်လည်း

ကစားသမားဘဝကို စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကုန်ဆုံးမည်မဟုတ်ဟု ဝန်ခံခဲ့ဖူးသည်။

သို့သော် ယခုရာသီတွင် ချယ်လ်ဆီးအသင်းသို့ ဂျော်ဂျင်ဟိုနှင့် ကိုဗာချစ်တို့ရောက်ရှိလာခဲ့သည့်အတွက် ဖာဘရီဂတ်စ်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အသင်းမှထွက်ခွာဖွယ်ရှိသည်ဟုလည်း သတင်းများထွက်နေသည်။

အက်သလက်တီကိုမက်ဒရစ်အသင်းသည် ၀ါရင့်ကွင်းလယ်လူ ဂါဘီ အသင်းမှထွက်ခွာသွားပြီးနောက် အသင်း၏ ကွင်းလယ်လူများမှာ အသက်အရွယ်အားဖြင့် ငယ်ရွယ်သည့်အတွက် ထိန်းကျောင်းပေးနိုင်မည့် ၀ါရင့်ကွင်းလယ်လူတစ်ဦးကို အလိုရှိနေသည်။

လက်ရှိအက်သလက်တီကိုမက်ဒရစ်အသင်း၏ကွင်းလယ်တွင် ရိုဒရီ (၂၂ နှစ်)၊ ပါတေး (၂၅ နှစ်)၊ ဆာအူလ် (၂၃ နှစ်)နှင့် ကိုကေ (၂၆ နှစ်) တို့ရှိနေပြီး ၄င်းတို့ကိုထိန်းကျောင်းနိုင်ရန်အတွက် ဖာဘရီဂတ်စ်ကို အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖာဘရီဂတ်စ်သည် ချယ်လ်ဆီးအသင်းတွင် တိုက်စစ်မှူး ဒီယေဂိုကော်စတာနှင့် တွဲဖက်ညီစွာ ခြေစွမ်းပြနိုင်ခဲ့သည့် အတွက် ၄င်းကို အက်သလက်တီကိုမက်ဒရစ်အသင်းက စိတ်ဝင်စားနေခြင်းလည်းဖြစ်သည်။

Most Read

Most Recent