အကယ်ဒမီ ခိုင်သင်းကြည်နှင့် တွေ့ဆုံခြင်း

အကယ်ဒမီ ခိုင်သင်းကြည်နှင့် တွေ့ဆုံခြင်း
Published 5 August 2018

မြန်မာ့အနုပညာလောကမှာ တောက်ပတဲ့အနုပညာကြယ်ပွင့်ဖြစ်သလို အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုကို တောက်လျှောက်သိမ်းပိုက်လာတဲ့ မင်းသမီးတစ်ယောက်ကတော့ အကယ်ဒမီ ခိုင်သင်းကြည်ပါ။ ကျရာဇာတ်ကောင်စရိုက်တိုင်းကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့သူ ခိုင်သင်းကြည်အနေနဲ့ လက်ရှိ ရုံတင်ပြသနေတဲ့ ‘ပြန်ပေး’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသလို သြဂုတ် ၁၀ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ့် ဣတ္ထိယရုပ်ရှင်ဇာတ်ကားမှာလည်း ပုံစံတစ်မျိုးနဲ့ ပရိသတ်တွေ တွေ့မြင်ရမှာဖြစ်လို့ ပြန်ပေးရုပ်ရှင်နဲ့ ဣတ္ထိယ ရုပ်ရှင်ဇာတ်ကားတွေက အမှတ်တရတွေနဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်  .  .  .

 

မေး - မခိုင်လေးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကို သိပါရစေ။

ဖြေ -    လက်ရှိမှာတော့ ကြော်ငြာတွေရိုက်ကူးနေပါတယ်။ ဓာတ်ပုံကြော်ငြာတွေရောပေါ့။ နောက်ပြီး ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးဖို့ လက်ခံထားတာတွေလည်း ရှိပါတယ်။

 

မေး - သမီးလေးနဲ့တွဲပြီးတော့ရော အနုပညာလှုပ်ရှားမှုတွေ လုပ်ဖြစ်နေပြီလား။

ဖြေ - သူနဲ့ကတော့ လောလောဆယ် တီဗီကြော်ငြာလေးရိုက်ဖို့ စီစဉ်ထားတာရှိပါတယ်။

 

မေး - လက်ရှိရုံတင်ပြသနေတဲ့ ‘ပြန်ပေး’ ဇာတ်ကားမှာ မခိုင်လေးရဲ့ ‘မျက်လုံးနဲ့ပဲ စကားပြောမယ်’ ဆိုတာလေးက ပရိသတ်တွေအတွက် မှတ်မှတ်ရရလေးဖြစ်စေတယ်နော်။

ဖြေ - ဟုတ်ကဲ့။ အဲဒီလိုမျိုးလေးတော့ ဖြစ်သွားတာပါ။ အဲဒီပုံစံ အဲဒီစကားလေးက ‘ပြန်ပေး’ ဇာတ်ကားရိုက်တုန်းက သမီးနဲ့ ကိုခန့်တို့က တစ်ယောက်နဲ့တစ်ယောက် စရင်း နောက်ရင်း ပြောနေကျစကားလေးပါ။ အဲဒါကို မခိုင်လေးက ဇာတ်ကားထဲမှာ ကိုယ့် ရဲ့ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်မှုရှိတဲ့အတွက် ထည့်ပြီးသုံးဖြစ်ခဲ့တာ။ ဒီဇာတ် ကားလေးက မခိုင်လေးတို့ အနုပညာရှင်တွေအားလုံး သေချာကြိုးစားရိုက်ကူး ထားတဲ့ ဇာတ်ကားလေးဖြစ်သလို လွန်ခဲ့တဲ့ ငါးနှစ်လောက်တည်းက ရိုက်ထား တာဖြစ်ပေမယ့် ခုချိန်ထိ ပရိသတ်တွေအတွက် ကြည့်လို့ကောင်းနေတဲ့ ဇာတ် ကားလေးဖြစ်မှာပါ။

 

မေး - သြဂုတ် ၁၀ ရက်မှာ ရုံတင်တော့မယ့် ‘ဣတ္ထိယ’ ဇာတ်ကားမှာရော မခိုင်လေးအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်သရုပ်ဆောင်ထားလဲ။

ဖြေ -  အဲဒီဇာတ်ကားမှာတော့ မကြီးစိုး (စိုးမြတ်သူဇာ) နဲ့ ဖွေးဖွေးတို့နဲ့အတူ ညီအစ်မ သုံးယောက်ပေါ့။ ရွာထဲမှာ ခြေမြန်လက်မြန်ရှိတဲ့၊ စွာတဲ့ ညီအစ်မတွေထဲက မခိုင် လေးက အလတ်မ။ စပ်စပ်စုစုနိုင်တဲ့သူအဖြစ် ပါဝင်ထားတာပါ။

 

မေး - သရုပ်ဆောင်နဲ့ပတ်သက်ရင် ကိုယ်လုပ်ရမယ့် ဇာတ်ကောင်စရိုက်ကို ဘာပဲဖြစ်ဖြစ် သေချာ ကြိုးစားတတ်ကြတဲ့ မင်းသမီးသုံးလက် တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ အမှတ်တရလေးတွေရှိရင် ပြောပြပေးပါဦး။

ဖြေ - အဲဒီဇာတ်ကားမှာတော့ မကြီးစိုးနဲ့က တွဲဖြစ်နေကြဖြစ်ပေမယ့် ဖွေးဖွေးနဲ့ကတော့   နှစ်ယောက်တွဲဂေါ်တဲ့ဇာတ်ကားမျိုး ရိုက်ထားတာရှိပေမယ့် အဲဒီဇာတ်ကားက ရုံမတင် သေးဘူး။ ဒီဇာတ်ကားမှာတော့ သုံးယောက်စလုံးက အိစိအိစိ တစ်ယောက်မှ မပါဘူး။ အစွာတွေ၊ အသွက်    တွေချည်းပဲဆိုတော့ ဇာတ်ကားထဲမှာလည်း သုံး ယောက်စလုံးက အတွဲညီတယ်။ ညီအစ်မသုံးယောက် နဲ့လည်းတကယ်ကိုတူပါတယ်။ ဟာသဇာတ်ကားဖြစ်ပေမယ့် ဖိုက်တင်ခန်းတွေလည်း ပါတဲ့ အတွက် ပရိသတ်တွေအတွက် ထူးထူးခြားခြားဇာတ်ကားလေးဖြစ်မှာပါ။ မခိုင်လေးတို့တွေ လည်း တကယ်ကို သေချာကြိုစားထားပါတယ်။

 

မေး - ‘ဣတ္ထိယ’ ဇာတ်ကားမှာ ဖိုက်တင်ခန်းတွေလည်း များတယ်ဆိုတော့ အဲဒီဇာတ်ဝင်ခန်းတွေအတွက် သီးခြား လေ့ကျင့်ပြင်ဆင်ရတာတွေရှိလား။

ဖြေ - ဟုတ်တယ်။ ဟာသဇာတ်ကားဆိုပေမယ့်လည်း ဖိုက်တင်ခန်းတွေ၊ ဟာသဖြစ်တဲ့ ဖိုက် တင်ခန်းတွေများတယ်။ အဲဒါကြောင့် ဒါရိုက်တာကိုတောင် ပြောဖြစ်သေးတယ်။ ဟာသဆိုပြီး တော့ ဟာသဇာတ်ကြမ်းကား ဖြစ်နေပြီလို့လေ။ ဖိုက်တင်ခန်းတွေအတွက်ကတော့ သီးခြား ကြီး လေ့ကျင့်ပြင်ဆင်ရတာ မရှိပါဘူး။ ဖိုက်တင်ခန်းတွေက မိန်းကလေးတွေဆိုတော့လည်း အရမ်းဟဲဗီးကြီးတွေလည်း မပါဘူးဆိုတော့လေ။

 

မေး - မင်းသမီးသုံးလက်အတွက် ထူးခြားတဲ့ဇာတ်လေးဖြစ်နေတဲ့အပေါ်မှာ မခိုင်လေးအနေနဲ့ ကိုယ့်သရုပ် ဆောင်မှုပိုင်းအပေါ် ကျေနပ်အားရမှုရှိလား။

ဖြေ - မင်းသမီးသုံးလက်ပါတဲ့ဇာတ်ဆိုပေမယ့်လည်း ဒီဇာတ်ကားမှာက တစ်ယောက်တည်းသီးခြားလုပ်ကွက်ဆိုတာမျိုးထက် သုံးယောက်စလုံးက အတွဲညီညီနဲ့ ဇာတ်ကို သယ်သွားရတဲ့ ဇာတ်မျိုးပါ။ အားလုံးကလည်း သာတယ်၊ နာတယ်ဆိုတာမျိုးတွေလည်း မရှိပါဘူး။ ဇာတ်ကား အတွက် အားလုံးက သေချာကြိုးစားခဲ့ကြတာပါ။ ကိုယ်ပါဝင်ရတဲ့အခန်းတွေကိုရော ကိုယ့်ရဲ့ သရုပ်ဆောင်မှုတွေကိုရော ကျေနပ်အားရမှုရှိပါတယ်။

 

မေး - ဖိုက်တင်ခန်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုတွေ အခက်အခဲရှိခဲ့လဲ။

ဖြေ - ဖိုက်တင်ခန်းတွေက အရမ်းခက်ခဲတယ်ဆိုတာမျိုး မရှိပေမယ့် ထဘီတွေနဲ့ ကန်တဲ့အ ခန်းတွေ ရိုက်ရတဲ့အခါမှာတော့ ထမီစကို စုကိုင်ပြီး ကန်ရတာမျိုးတွေလည်း ရှိတာပေါ့။ တော် သေးတယ် ဓာတ်ပုံဆရာကလည်း မိန်းကလေးပဲဖြစ်နေလို့သာ တော်တော့တာပဲ။

 

မေး - လက်ရှိမှာ ရုံတင်နေတဲ့ဇာတ်ကားတွေက မခိုင်လေးအတွက် ဟာသဇာတ်ကားတွေချည်း ဖြစ်နေတယ်  နော်။

ဖြေ - ဟုတ်ပါတယ်။ ရိုက်ထားတဲ့ တခြားဇာတ်တွေရှိပေမယ်လည်း ခုထိတော့ ရုံမတင်နိုင် သေးဘူး ဖြစ်နေတာပေါ့။ နောက်ထပ်ရုံတင်မယ့်ဇာတ်ကားတွေကလည်း ဟာသဇာတ်ကား တွေပဲ များနေဦးမှာ။ အခြားဇာတ်တွေကတော့ နောက်နှစ်လောက်မှပဲ ပရိသတ်တွေ ကြည့်ရ မယ်ထင်တယ်။

 

မေး - ‘ဣတ္ထိယ’ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ဒီဇာတ်ကားလေးက မင်းသမီးသုံးလက်ပေါင်းပြီး ဂေါ်ထားတဲ့ဇာတ်ကားလေးဖြစ်လို့ ပရိသတ်တွေအတွက် ထူးထူးခြားခြားလေးဖြစ်မှာပါ။ အားလုံးကလည်း အတွဲညီညီနဲ့ အကောင်းဆုံး ကြိုးစားထားပါတယ်။ နောက်ပြီး ပျော်ရွှင်စရာ ဟာသဇာတ် ကားကောင်းလေး လည်းဖြစ်တာမို့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ လာအားပေးဖို့ ဖိတ်ခေါ် ပါတယ်။

Most Read

Most Recent