ရှယ်ယာတစ်စု စင်ကာပူဒေါ်လာ ၀ ဒသမ ၂၆၃ တန်ဖိုးရှိသည့် FMI ၏ သာမန်အစုရှယ်ယာ ၄၁၉ သိန်းကျော် စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင်ရှယ်ယာ ဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်အရောင်းအဝယ် ပြုလုပ်မည်

ရှယ်ယာတစ်စု စင်ကာပူဒေါ်လာ ၀ ဒသမ ၂၆၃ တန်ဖိုးရှိသည့် FMI ၏ သာမန်အစုရှယ်ယာ ၄၁၉ သိန်းကျော် စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင်ရှယ်ယာ ဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်အရောင်းအဝယ် ပြုလုပ်မည်
Published 30 December 2017

Target Company အောက်တွင် ပေါင်းစည်းထားသော Ballons Over Bagan  အမည်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော မိုးပျံဘောလုံးလုပ်ငန်းကို တွေ့ရစဉ်

ကျပ် ၆၉ ဘီလျံကျော်ဖြင့် ရှယ်ယာပိုင်ဆိုင်မှုများ လွှဲပြောင်းအပြီးတွင် ရှယ်ယာတစ်စုလျှင် စင်ကာပူဒေါ်လာ  ၀ ဒသမ ၂၆၃ ဒေါ်လာ တန်ဖိုးရှိသည့် FMI ကုမ္ပဏီ၏ သာမန်အစုရှယ်ယာ ၄၁၉ သိန်းကျော်မှာ စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင်ရှယ်ယာ ဖြစ်လာခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စင်ကာပူစတော့အိတ်ချိန်း၌ စတင် အရောင်းအဝယ် ပြုလုပ်မည်ဖြစ်ကြောင်း FMI က ဒီဇင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

FMI ကုမ္ပဏီ၏ သာမန်အစုရှယ်ယာ ၄၁၉ သိန်းကျော် စင်ကာပူစတော့အိတ်ချိန်း စာရင်းဝင် ရှယ်ယာဖြစ်လာခြင်းမှာ FMI ကုမ္ပဏီ၊ Yoma Strrategic Investment Ltd (YSIL)၊ Exemplary Ventures Limited (EVL) တို့ပူးပေါင်းတည်ထောင်ထားသည့် Target Company (MM Myanmar Pte. Ltd) ကို စင်ကာပူစတော့ အိတ်ချိန်းစာရင်းဝင် SHC Capital Asia Ltd (See Hoy Chan Sdn Berhad Group) သို့ စင်ကာပူဒေါ်လာ ၆၉၆၉၄၂၂၈ (ကျပ် ၆၉ ဒသမ ၆ ဘီလျံခန့်) ဖြင့် လွှဲပြောင်းရောင်းချ ပေးခဲ့ခြင်းကြောင့်ဖြစ်ပြီး အဆိုပါ လွှဲပြောင်းပေးမှုအတွက် FMI ကုမ္ပဏီ၊ YSIL နှင့် EVL ကုမ္ပဏီများသို့ SHC ကို ၈၅ ဒသမ ၈  ပိုင်ဆိုင်မည့် သာမန်အစုရှယ်ယာသစ်များ ထုတ်ဝေပေးခြင်းဖြင့် ပေးချေခဲ့မှုကြောင့် ဖြစ်သည်။

FMI သည် Target Company ကို ပိုင်ဆိုင်သည့် အစုရှယ်ယာများကို YSIL၊ EVL တို့နှင့်အတူ SHC သို့ လွှဲပြောင်းရန် ကန့်သတ်စည်းကမ်းပါ ရှယ်ယာရောင်းဝယ်မှု သဘောတူညီချက်စာချုပ် (Original SPA) ကို ၂၀၁၇ ခုနှစ် သြဂုတ် ၁၇ ရက်တွင် ထပ်မံချုပ်ဆိုခဲ့သည်။

ထပ်မံချုပ်ဆိုသော စာချုပ်ပါစည်းကမ်းချက်များအရ SHC သည် Target ကုမ္ပဏီအား တန်ဖိုးငွေ ကျပ် ၆၉ ဒသမ ၆ ဘီလျံခန့် တန်ဖိုးသင့်၍ ဝယ်ယူသွားမည်ဖြစ်ရာ ယင်းတန်ဖိုးအသစ်မှာ မူလသဘောတူခဲ့သည့် ကျပ် ၇၀ ဒသမ ၆ ဘီလျံခန့်ထက် လျော့နည်းခဲ့ပြီး ထိုသို့ အဖိုးအခ လျော့နည်းသွားခြင်းမှာ Target Company အနေနှင့် AHTT Business သို့ပေးရန်ရှိသည့် တာဝန်များအား တာဝန်ယူရခြင်းကြောင့်ဖြစ်သည်။

Target Company အောက်တွင် ပေါင်းစည်းထားသော Target Business များမှာ ပုဂံမြို့နှင့် အင်းလေးကန်ဒေသတို့၌ Ballons Over Bagan အမည်ဖြင့် လုပ်ငန်းဆောင်ရွက်နေသော မိုးပျံဘောလုံး လုပ်ငန်းနှင့် ၎င်းလုပ်ငန်းဆိုင်ရာ အသုံးပြုသည့် ထိန်းသိမ်းထားရှိသည့် နေရာများ၊ Pun Hlaing Estate ရှိ တည်ဆောက်ဆဲ Pun Hlaing Lodge ဟိုတယ်စီမံကိန်း၊ ညောင်ဦးမြို့၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆိုပြုထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်း၊ ကရင်ပြည်နယ် ဘားအံမြို့ရှိ Hpa-An Lodge အမည်ဖြင့် ဆောင်ရွက်လျက်ရှိသော ဟိုတယ်လုပ်ငန်း၊ Asia Holidays (The AHTT Business) အမည်ဖြင့် ဆောင်ရွက်လျက်ရှိသော ခရီးသွားလုပ်ငန်းနှင့် ခရီးသွားဒေသ ဝန်ဆောင်မှုလုပ်ငန်းများ တို့ဖြစ်သည်။

လက်ရှိရှယ်ယာ လွှဲပြောင်းမှုများ ပြီးစီးချိန်၌ FMI ကုမ္ပဏီသည် SHC Capital Asia Ltd ၏သာမန်အစုရှယ်ယာ ၄၁၉ သိန်းကျော်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကာ စင်ကာပူ စတော့အိတ်ချိန်း SGX ၏ Catalist Board တွင် စာရင်းဝင်ဖြစ်ကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်အရောင်းအဝယ် ပြုလုပ်နိုင်မည်ဖြစ်သည်။

Most Read

Most Recent