ကမ္ဘာ့ရွှေဈေး ၁၂၃၈ ဒေါ်လာအထိ ဆက်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၂၀၀၀ ကျော်အထိ ကျဆင်း

ကမ္ဘာ့ရွှေဈေး ၁၂၃၈ ဒေါ်လာအထိ ဆက်ကျခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၁၂၀၀၀ ကျော်အထိ ကျဆင်း
Published 14 December 2017

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၁၂၃၈ ဒေါ်လာအထိ ဆက်လက်ကျဆင်းခဲ့ပြီး ပြည်တွင်းဈေးကွက်တွင် ကျပ် ၉၁၂၀၀၀ ကျော်အထိ ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာလဆန်းကတည်းက အားပျော့လျက်ရှိရာ တစ်ပတ်အတွင်း ၂ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး လေးလတာအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ စတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာ လလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက် တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာ ဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင်  ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၉ ရက်တွင်  ၉၁၄၄၀၀၊ ဒီ ဇင်ဘာ ၁၃ ရက်တွင် ကျပ် ၉၁၂၇၀၀ အထိ ပြန်ဆက်လက်ကျဆင်းခဲ့ သည်။

Most Read

Most Recent