UMFCCI အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး ဦးဆောင်သောအဖွဲ့ မောင်တော ကညင်ချောင်း စီးပွားရေးဇုန်သို့ သွားရောက်လေ့လာ

UMFCCI အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး ဦးဆောင်သောအဖွဲ့ မောင်တော ကညင်ချောင်း စီးပွားရေးဇုန်သို့ သွားရောက်လေ့လာ
Published 29 October 2017

UMFCCI အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး ဦးဆောင်သောအဖွဲ့ မောင်တော ကညင်ချောင်း စီးပွားရေးဇုန်သို့ အောက်တိုဘာ ၂၈ ရက်က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးသည် တစ်ခုအပါအဝင်ဖြစ်ပြီး မောင်တော ကညင်ချောင်း စီးပွားရေးဇုန် အကောင်အထည် ဖော်ရန်အတွက် အောက်တိုဘာ ၃၀ ရက်တွင် အစိုးရနှင့် အကောင်အထည်ဖော်ရေး ကုမ္ပဏီတို့ MoU ရေးထိုးကြမည်ဖြစ်ကြောင်း သိရသည်။

UMFCCI အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့သည် ကညင်ချောင် စီးပွားရေးဇုန်ရှိ တည်ဆောက်ပြီး ဆိပ်ခံတံတားနှင့် အဆောက်အအုံများကို လေ့လာခဲ့ကြောင်း သိရသည်။

မောင်တော ကညင်ချောင်း စီးပွားရေးဇုန်နှင့် ပတ်သက်၍ မောင်တောနယ်စပ် ကုန်သည်များအသင်း ဥက္ကဋ္ဌနှင့် ကုန်သည်များ၊ မောင်တောနယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိတို့က ရှင်းလင်းပြောကြားခဲ့သည်။

ယခင်အစိုးရ လက်ထက်က ကညင်ချောင်းကုန်သွယ်ရေးဇုန်အဖြစ် စတင်အကောင်အထည်ဖော်ခဲ့ရာမှ လက်ရှိအစိုးရ လက်ထက်တွင် စီးပွားရေးဇုန်အဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

UMFCCI အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးနှင့်အတူ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူ၊ UMFCCI ဗဟိုအလုပ်အမှုဆောင် အသင်းဝင်၊ ကလေး၊ တမူး နယ်စပ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်တို့ လိုက်ပါခဲ့ကြသည်။

Most Read

Most Recent