ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၃၀ ကျော်အထိပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၄၂၀၀ ဖြင့် စံချိန်သစ်ထပ်တင်

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၃၀ ကျော်အထိပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၄၂၀၀ ဖြင့် စံချိန်သစ်ထပ်တင်
Published 14 September 2017

ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းအဝယ်ပြုလုပ်နေသည်ကို တွေ့ရစဉ်

စက်တင်ဘာ ၁၃ ရက်တွင် ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၃၃ အထိ ပြန်လည်မြင့်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၄၂၀၀ ဖြင့် စံချိန်သစ်ထပ်တင်ခဲ့ကြောင်း  ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့် အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ် ၁၁ ရက်တွင် ကျပ် ၉၁၄၂၀၀၊ သြဂုတ် ၁၂ ရက်တွင် ၉၁၅၄၀၀၊ သြဂုတ် ၁၇ ရက်တွင် ၉၁၆၆၀၀၊ သြဂုတ် ၁၈ ရက်တွင်  ၉၁၉၈၀၀၊ သြဂုတ် ၂၃ ရက်တွင် ၉၂၁၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ၉၁၃၃၀၀၊ သြဂုတ် ၂၆ ရက်တွင် ၉၂၄၃၀၀၊ သြဂုတ် ၂၇ ရက်တွင် ၉၂၄၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၂၉၅၀၀၊ သြဂုတ် ၂၉ ရက်တွင် ၉၄၅၈၀၀၊ စက်တင်ဘာ ၄ ရက် ၉၄၇၅၀၀၊ စက် တင်ဘာ ၆ ရက်တွင် ၉၄၉၇၀၀၊ စက်တင်ဘာ ၈ ရက်တွင် ၉၅၃၀၀၀၊ စက်တင်ဘာ ၁၀ ရက် တွင် ၉၅၃၁၀၀၊ စက်တင်ဘာ ၁၃ ရက်တွင် ၉၅၄၂၀၀ အထိ ဆက်လက်မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်လများက ရွှေဈေးကို ပြန်ကြည့်ပါက ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်)၊  မေလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၈၉၁၂၀၀ (မေ ၅ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၁၁၀၀၀ (မေ ၁၈ ရက်)၊ ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၀၆၀၀ (ဇွန် ၃၀ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၄၀၀ (ဇွန် ၇ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၈၈၉၃၀၀ (ဇူလိုင် ၄ ရက်) ၊ အမြင့်ဆုံးနှုန်း ကျပ် ၉၀၇၁၀၀ (ဇူလိုင် ၂၉ ရက်) တို့ ဖြစ်သည်။ သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၅၂၀၀ (သြဂုတ် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၅၈၀၀ (သြ ဂုတ်၂၉ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၆ ခုနှစ် အောက်တိုဘာနောက်ပိုင်း သြဂုတ် ၂၈ ရက်တွင် ပထမဦးဆုံးအကြိမ် ဒေါ်လာ ၁၃၀၀ ကို ကျော်လွန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၈ ရက်၌ တစ်ရက်အတွင်း ၁၅ ဒေါ်လာဝန်းကျင် အတက်အကျ ဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးနှုန်းသည် ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားလျက်ရှိသည်။ ပြီးခဲ့သည့်ဇွန်လအတွင်း အမြင့်ဆုံးနှုန်းနှင့် အနိမ့်ဆုံးနှုန်းကွာဟချက်သည် ဒေါ်လာ ၅၀ ကျော် ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ဇူလိုင်လအတွင်း အမြင့်ဆုံးနှုန်းမှာ ၁၂၆၈ ဒေါ်လာဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၂၀၅   ဒေါ်လာဖြစ်ခြင်းကြောင့် ၆၃ ဒေါ်လာဝန်းကျင် ကွာဟခဲ့သည်။ သြဂုတ်လအတွင်းတွင်လည်း အနိမ့်ဆုံးနှုန်းမှာ ၁၂၅၈ ဒေါ်လာဖြစ်ပြီး အမြင့်ဆုံးနှုန်းမှာ ၁၃၂၅ ဒေါ်လာ ဖြစ်ခြင်းကြောင့် ၆၇ ဒေါ်လာ အတက်အကျဖြစ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်  သြဂုတ် ၂ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ၁၂၇၁ ဝန်းကျင်ရှိပြီး သြဂုတ် ၄၊ ၇ ရက်တွင် ၁၂၅၈ ဝန်းကျင်အထိ ပြန်ကျခဲ့သည်။ သြဂုတ် ၈ ရက်တွင် ဒေါ်လာ ၁၂၆၀ ဝန်းကျင်သို့ ပြန်တက်ခဲ့ပြီး ယင်းနောက်ပိုင်း သြဂုတ် ၉ ရက်တွင် ၁၂၆၈၊ သြဂုတ် ၁၀ ရက်တွင် ၁၂၇၉၊ သြဂုတ် ၁၁ ရက်တွင် ၁၂၈၉ အထိ ဆက်တိုက် မြင့်တက်ခဲ့သည်။ ထို့နောက် သြဂုတ် ၁၄ ရက်တွင် ၁၂၈၁၊ သြဂုတ် ၁၅ ရက်တွင် ၁၂၇၄၊ သြဂုတ် ၁၆ ရက်တွင် ၁၂၆၉ ဝန်းကျင်သို့ ပြန်လည်ကျဆင်းပြီး သြဂုတ် ၁၇ ရက်တွင် ၁၂၈၈၊ သြဂုတ် ၁၈ ရက်တွင် ၁၂၉၈ အထိ ခုန်တက်ခဲ့သည်။  သြဂုတ် ၂၁ ရက်တွင်  ၁၂၉၀၊ သြဂုတ် ၂၂ ရက်တွင် ၁၂၈၅၊ သြဂုတ် ၂၃ ရက်တွင် ၁၂၈၇ အထိပြန်ကျခဲ့ပြီး သြဂုတ်   ၂၄ ရက်တွင် ၁၂၉၁၊ သြဂုတ် ၂၅ ရက်တွင် ၁၂၉၂၊ သြဂုတ် ၂၈ ရက်တွင် ၁၃၀၉၊ သြဂုတ် ၂၉ ရက်တွင် ၁၃၂၅ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိခဲ့သည်။ သြဂုတ် ၃၁ ရက်တွင် ၁၃၀၃ ဒေါ်လာအထိ ပြန်ကျခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၁၃၁၆ ဒေါ်လာအထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် ၁၃၂၄ ဒေါ်လာ၊ စက်တင်ဘာ ၄ ရက်တွင် ၁၃၃၇ ဒေါ်လာ၊ စက်တင်ဘာ ၅ ရက်တွင်  ၁၃၄၄ ဒေါ်လာအထိ ရောက်ခဲ့သည်။ စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် ၁၃၃၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် ၁၃၄၉ ဒေါ်လာ၊ စက်တင်ဘာ ၈ ရက်တွင် ၁၃၅၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၁၁ ရက်တွင် ၁၃၃၁ ဒေါ်လာ၊ စက်တင်ဘာ ၁၂ ရက်တွင် ၁၃၂၄  အထိ ကျဆင်းခဲ့သော်လည်း စက်တင်ဘာ ၁၃ ရက်တွင် ၁၃၃၃ ဒေါ်လာအထိ ပြန်တက်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent