မန်စီးတီးနှင့်ပွဲမှ ဒဏ်ရာကြောင့် ဟာရီကိန်း ရာသီကုန်အထိ အနားယူရနိုင်

မန်စီးတီးနှင့်ပွဲမှ ဒဏ်ရာကြောင့် ဟာရီကိန်း ရာသီကုန်အထိ အနားယူရနိုင်
Published 10 April 2019

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သော စပါး(၁-၀)မန်စီးတီးပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် စပါးအသင်း၏

အဓိကတိုက်စစ်မှူး ဟာရီကိန်းမှာ ရာသီကုန်အထိ အနားယူရနိုင်ကြောင်း နည်းပြပိုချက်တီနိုက ဝန်ခံပြောကြားခဲ့သည်။

အဆိုပါပွဲစဉ်တွင် စပါးအသင်းသည် ဆွန်ဟောင်မင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် မန်စီးတီးအား

အနိုင်ရခဲ့သော်လည်း ဟာရီကိန်း၏ ဒဏ်ရာသတင်းမှာ ပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်တွင် အရေးကြီးပွဲစဉ်များ

ဆက်တိုက်ယှဉ်ပြိုင်ရတော့မည့် စပါးအသင်းအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့သည်။

ဟာရီကိန်းသည် ပထမပိုင်းပွဲချိန်အတွင်း မန်စီးတီးနောက်ခံလူ အော်တာမန်ဒီနဲ့ (၂)ကြိမ် ထိခိုက်မိခဲ့ပြီး ဒုတိယပိုင်းအစ

ဖာဘီယန်ဒဲ့လ်ဖ်၏ ဖျက်ထုတ်မှုကို ခံခဲ့ရချိန်တွင်မူ ပွဲဆက်လက်ကစားနိုင်ခြင်း မရှိတော့ဘဲ ကွင်းအတွင်းမှ ချက်ချင်း

ထွက်ခွာခဲ့ရသည်။

ဟာရီကိန်းမှာ ကွင်းအတွင်းမှာ အထောက်အပံ့များသုံး၍ ကွင်းအတွင်းမှထွက်ခွာခဲ့ရပြီး

ဘယ်ဘက်ခြေချင်းဝတ်တွင်လည်း အကာအကွယ်ဖိနပ်သုံးထားခဲ့ရကြောင်း မြင်တွေ့ခဲ့ရသည်။

ဟာရီကိန်း၏ဒဏ်ရာနှင့် ပတ်သက်၍ ပိုချက်တီနိုက "ဒါက စိုးရိမ်စရာပါပဲ။ ကျွန်တော်တို့ သူ့ကို ဆုံးရှုံးရနိုင်ပါတယ်။

ရာသီကုန်အထိတောင် ဖြစ်သွားနိုင်တယ်။ ဒါက အကြီးစားဒဏ်ရာမဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့

ရာသီကုန်တော့မှာမို့ ဒဏ်ရာက ပြန်လာဖို့ အချိန်သိပ်မရှိဘူး။ သူ ခြေချင်းဝတ်လည်သွားတာဖြစ်ပြီး

နောက်နာရီပိုင်းတွေမှာ သူ ဘယ်လိုတုံ့ပြန်သလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်"ဟု 

BT Sport သို့ ပြောကြားခဲ့ကြောင်း သိရသည်။

ဟာရီကိန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ယခုခြေချင်းဝတ်နေရာတွင်ပင် အရွတ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂)

လခန့် အနားယူခဲ့ရသေးသလို၊ ပြီးခဲ့သည့်(၂)ရာသီဆက် အဆိုပါဒဏ်ရာမျိုး ရရှိခဲ့ဖူးသူဖြစ်သည်။

ပိုချက်တီနိုက "ကျွန်တော်တို့ သေချာစမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။ တူညီတဲ့ခြေချင်းဝတ်နေရာမှာပဲ

တူညီတဲ့ဒဏ်ရာမျိုး ထပ်ဖြစ်တာလို့ ထင်ရပါတယ်။ တကယ်ကို ဝမ်းနည်းစရာ၊ စိတ်ပျက်စရာပါပဲ"ဟု

ညည်းတွားပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ရုပ်သံမှ သုံးသပ်နေသည့် ဘောလုံးကျွမ်းကျင်သူနှင့် ဘောလုံးသမားဟောင်းများကမူ ဟာရီကိန်း၏ ဒဏ်ရာမှာ

ဆိုးရွားပြီး ရာသီမကုန်မီ ပြန်ကစားနိုင်ခဲ့လျှင် အံ့အားသင့်ဖွယ်ဖြစ်လာမည်ဟု သုံးသပ်ပြောဆိုခဲ့ကြကြောင်း

သိရှိရသည်။

 

Most Read

Most Recent