အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း (၃၀၀)အသုံးပြုခွင့်ပေးမည့် မက်လုံးဖြင့် ပိုချက်တီနိုအား ခေါ်ယူရန် အေစီမီလန်အသင်း စီစဉ်နေ

အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း (၃၀၀)အသုံးပြုခွင့်ပေးမည့် မက်လုံးဖြင့် ပိုချက်တီနိုအား ခေါ်ယူရန် အေစီမီလန်အသင်း စီစဉ်နေ
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 9 April 2019

 

စီးရီးအေကလပ် အေစီမီလန်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသုံးစရိတ် ပေါင်သန်း (၃၀၀) အသုံးပြုခွင့်ပေးမည်ဟု မက်လုံးပေးကာ စပါးအသင်းနည်းပြ ပိုချက်တီနိုအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အေစီမီလန်အသင်း၏အမှုဆောင်ချုပ်အဖြစ် တာဝန်ယူနေသည့် ဂါဇီဒစ်သည်  လက်ရှိနည်းပြ ဂတ်တူဆို၏နေရာတွင် ပိုချက်တီနိုအား အစားထိုးရန် ဆန္ဒရှိနေခြင်းဖြစ်ပြီး စံချိန်တင်အပြောင်းအရွှေ့အသုံးစရိတ်ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အေစီမီလန်အသင်းသည် အမှတ်ပေးဇယားအဆင့် (၅)နေရာ၌ ရပ်တည်နေပြီး လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်အတွက် အင်တာမီလန်၊ အတ္တလန်တာ၊ ရိုးမား၊ လာဇီယို စသည့်အသင်းများနှင့်အတူ အပြိုင်ကြိုးစားသွားရမည်ဖြစ်သည်။

အီတလီသတင်းစာများ၏အဆိုအရ ဂတ်တူဆို၏နေရာတွင်အစားထိုးရန် အေစီမီလန်အသင်း၏ အဓိကပစ်မှတ်မှာ ပိုချက်တီနိုဖြစ်ပြီး ချန်ပီယံဆုအတွက် ဂျူဗင်တပ်စ်အသင်းအား စိန်ခေါ်နိုင်ရန် ပြင်ဆင်သွားမည်ဖြစ် ကြောင်း သိရသည်။

စပါးအသင်းသည် မကြာသေးမီက ပေါင်(၁)ဘီလီယံတန်ကွင်းသစ်ကြီးကို ဖွင့်လှစ်ခဲ့ပြီး ဥက္ကဋ္ဌလီဗိုင်းကလည်း ပိုချက်တီနိုအား အသင်း၌ ဆက်ရှိရန် ဆန္ဒရှိနေသည်။ ပိုချက်တီနိုသည် ယခုရာသီ တွင် ရီးယဲလ်မက်ဒရစ်၊ မန်ယူ စသည့် အသင်းများ၏ ခေါ်ယူရန်စိတ်ဝင်စားခြင်းခံခဲ့ရသူလည်းဖြစ်သည်။

Most Read

Most Recent