တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တရုတ်နိုင်ငံသို့ သွားရောက်

တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တရုတ်နိုင်ငံသို့ သွားရောက်
Published 9 April 2019
       ဆန်းထူးအောင်

တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၈ ရက် နံနက်က နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဃ့ေါျ့ကင လေဆိပ်သို့ ရောက်ရှိကြရာ ယူနန် ပြည်နယ်စစ်ဒေသ၊ နိုင်ငံရေးမှူး ြေြ. ွနည. ့က ုကည၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ် ရေးမှူး မြ. ဇ့ညေါကသ ံကေ နှင့် တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီး များ၊ ကူမင်းကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ်တင့်ဆန်း နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိ ကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၈ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးသို့ ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသား အရာရှိများ နှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့် ပထဝီ အနေအထားအရ အရေးပါသည့် တည်နေရာတွင် တည်ရှိသဖြင့် နိုင်ငံအားလုံးနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်မှု အခြေအနေများ၊ မိမိတို့နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်ပသို့ ပို့ကုန်များ တင်ပို့ရာတွင် အရည်အသွေး ပြည့်မီရန် လိုအပ်မှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ အဓိက နယ်စပ်ကုန်သွယ်မှု အနေဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး နယ်စပ် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် မျှတသော ကုန်သွယ်မှုစနစ် အကောင်အထည် ဖော်ဆောင်ရန် လိုအပ်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသ ကုန်သွယ်မှု မြှင့်တင်ရန်အတွက် မိမိတို့အနေဖြင့် သက်ဆိုင်ရာဌာနများမှ တိုက်တွန်း ဆောင်ရွက်ရမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုများနှင့် လက်ရှိ လျှောက်လှမ်းလျက်ရှိသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု ရှိရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မှု အခြေအနေများအား ပြောကြားသည်။

ချစ်ကြည်ရေးခရီးစဉ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်အစိုးရနှင့် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သင်တန်းကျောင်းများ၊ စက်ရုံများနှင့် အထင်ကရ နေရာများအား လှည့်လည်ကြည့်ရှုမည် ဖြစ်ကြောင်း သိရသည်။