ချန်ပီယံလိဂ်ပြိုင်ပွဲကို ရက်သတ္တပတ်ကုန်နေ့များတွင် ကစားခွင့်ပြုမည်မဟုတ်ဟု UEFA ဥက္ကဋ္ဌ အတည်ပြု

ချန်ပီယံလိဂ်ပြိုင်ပွဲကို ရက်သတ္တပတ်ကုန်နေ့များတွင် ကစားခွင့်ပြုမည်မဟုတ်ဟု UEFA ဥက္ကဋ္ဌ အတည်ပြု
Photos: Getty Images
Photos: Getty Images
Published 6 April 2019

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA ) ဥက္ကဋ္ဌ ဆယ်ဖယ်ရင်က ချန်ပီယံလိဂ်ပြိုင်ပွဲ အား စနေ၊ တနင်္ဂနွေ စသည့် ရက်သတ္တပတ်ကုန်နေ့များတွင် ယှဉ်ပြိုင်ကစားခွင့်ပြုမည် မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထိပ်တန်းကလပ်များဖြင့်ဖွဲ့စည်းထားသည့် ဥရောပကလပ်အသင်းများအဖွဲ့(ECA) က ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံပြောင်းလဲကျင်းပရန် ပြီးခဲ့သည့်မတ်လအတွင်း ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။ ထို့ပြင် စပိန်ပရော်ဖက် ရှင်နယ်ဘောလုံးလိဂ် (LFP) ဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က တန်းတက်တန်းဆင်းစနစ် ပါဝင်သည့် ဥရောပပြိုင်ပွဲကို ကြားရက်များအစား ရက်သတ္တပတ်ကုန်နေ့များတွင် ပြောင်းလဲကျင်းပရန် UEFA ကိုယ်တိုင် ဆန္ဒ ရှိနေကြောင်း ထုတ်ဖော်ပြောကြားမှုကို ဆယ်ဖယ်ရင်က တုံ့ပြန်ငြင်းဆန်ခြင်းဖြစ်သည်။

"ရက်သတ္တပတ်ကုန်နေ့တွေမှာ ပွဲတွေကျင်းပမယ့် အကြောင်း မဆွေးနွေးပါဘူး။ အဲဒီလိုလုပ်ဖို့ လိုအပ်လို့လား။ ကျွန်တော်တို့ဆီမှာ အရမ်း ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုရှိထားပြီး သားပါ။ ကလပ်အသင်းတော်တော် များများကလည်း အဲဒီလိုကစားချင်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ တကယ်လို့ ချန်ပီယံလိဂ် Play-offs အဆင့်တွေကို ရက်သတ္တပတ်ကုန်နေ့တွေမှာ ကျင်းပမယ်ဆိုရင် ကျွန်တော်တို့ ဝင်ငွေပိုရလာနိုင်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒါက တခြားသူတွေကို ထိခိုက်နစ်နာမှုတွေဖြစ်စေနိုင်တယ်။ ကျွန်တော်တို့ ရဲ့တာဝန်က ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိခိုက်ပျက်စီးစေနိုင်တဲ့ အရာတွေကို တားဆီး ကာကွယ်ရေးဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် ပရီးမီးယားလိဂ်အကြောင်းကို ကျွန်တော်ပြောလို့မရပါဘူး။ ဒါက ကျွန်တော့်ပြဿနာမဟုတ်ပါဘူး။ စပိန်လိဂ်ပြိုင်ပွဲ ဥက္ကဋ္ဌက UEFA  ဟာ သူတို့ရဲ့ပြိုင်ဘက်ဖြစ် တယ်လို့ ပြောခဲ့တယ်။ အဲဒီလိုပြောတာ သူ့ဆီမှာ ပြဿနာရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါက ဘောလုံးလောကတစ်ခုလုံးနဲ့ဆိုင် တဲ့ကိစ္စပါ။ ကျွန်တော်တို့က ဥရောပဘောလုံးလောကရဲ့ တာဝန်အရှိဆုံးအဖွဲ့အ စည်းဖြစ်လို့ ပရီးမီးယားလိဂ်ကိုရော ဆလိုဗေးနီးယားလိဂ်၊ ဘူလ်ဂေးရီးယားလိဂ်၊ အီတလီလိဂ်တွေကိုပါ ဂရုစိုက်ဖို့ လိုပါတယ်။ တချို့လိဂ်ပြိုင်ပွဲ တွေက ဒါကို နားမလည်ပါဘူး။ သူတို့က သူတို့ရဲ့လိဂ်ပြိုင်ပွဲကိုပဲ ဂရုစိုက်ကြတာပါ။ စပိန်လိဂ်ဥက္ကဋ္ဌပြောတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ရက်သတ္တပတ်ကုန်နေ့တွေမှာ ကျင်းပဖို့၊ စူပါလိဂ်ပြိုင်ပွဲတစ်ခု ကျင်းပဖို့ဆိုတာ လုံးဝအဓိပ္ပာယ် မရှိပါဘူး။ အခုအချိန်မှာ အသေးစိတ်အချက်တွေကို မပြောနိုင်သေးပေမဲ့ လက်ရှိကစားနေတဲ့အချိန်တွေအတိုင်းပဲ ဆက်ကစားဖို့ရှိပါတယ်။ ကျွန်တော်တို့အစီအစဉ်က ဥရောပမှာ ရှိတဲ့ကလပ်တွေ အများကြီးပါဝင်ခွင့်ရရေး ပါပဲ" ဟု ၎င်းက Press Association Sport သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ပြင် UEFA  သည် ၂၄ သင်းပြိုင်ပွဲအဖြစ် တိုးမြှင့်ကျင်းပမည့် ၂၀၂၁ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ငြင်းဆန်ထားကြောင်း သိရသည်။

Most Read

Most Recent