မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း ဘာတိုမူ ပြောကြား

မက်ဆီအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း ဘာတိုမူ ပြောကြား
Photo: Marca
Photo: Marca
Published 5 April 2019

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက မိမိတို့အနေဖြင့် အသင်းတိုက်စစ်မှူး မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက မိမိတို့အနေဖြင့် အသင်းတိုက်စစ်မှူး မက်ဆီကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

အသက် (၃၁) နှစ်အရွယ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်မှာ ၂၀၂၁ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ဘာတိုမူက မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းတွင် နှစ်ပေါင်းများစွာကစားနိုင်ဦးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဘာတိုမူက "ကျွန်တော်တို့အနေနဲ့ မက်ဆီကို နောက်ထပ်နှစ်တွေအကြာကြီး ဘောလုံးကစားစေချင်ပါသေးတယ်။ မက်ဆီဟာ ဘောလုံးကမ္ဘာမှာ စံချိန်များစွာကို ရိုက်ချိုးပြခဲ့သူဖြစ်ပြီး ပြိုင်ဘက်ပရိသတ်တွေရဲ့အားပေးမှုကိုတောင် ရရှိထားသူပါ။ ကျွန်တော်တို့အနေနဲ့ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုချင်ပါတယ်။ မက်ဆီအနေနဲ့ ဘောလုံးကစားဖို့ နှစ်တွေအများကြီးကျန်ပါသေးတယ်။ သူ့ရဲ့စွမ်းဆောင်မှုကိုလည်း အားလုံးမြင်တဲ့အတိုင်းပါပဲ။ ဘာစီလိုနာအသင်းနဲ့ မက်ဆီရဲ့ စာချုပ်က (၂) နှစ်ကျန်ပါသေးတယ်။ မက်ဆီက အမြဲတမ်းတိုးတက်နေပြီး သူ့အနေနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ ကစားနိုင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ မက်ဆီက အသင်းတစ်သင်းတည်းအတွက်သာ ကစားသူဖြစ်ပြီး ဘာစီလိုနာနဲ့ မက်ဆီရဲ့ ဆက်ဆံရေးက ထာဝရရှိနေမှာပါ။ ကျွန်တော်တို့အနေနဲ့ မက်ဆီကို အသင်းမှာ ထာဝရ ရှိနေစေချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

မက်ဆီသည် ဘာစီလိုနာအသင်းတွင် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာက ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် စတင်ပွဲထွက်ခဲ့ပြီး ယခုရာသီတွင် လာလီဂါ (၃၂) ဂိုးအပါအဝင် ပြိုင်ပွဲစုံ (၄၂) ဂိုးအထိ သွင်းယူထားသည်။ 

မက်ဆီသည် ဘာစီလိုနာအသင်းတွင် (၁၅) ရာသီအတွင်း ပြိုင်ပွဲစုံ (၆၇၆) ပွဲတွင် (၅၉၄) ဂိုး သွင်းယူပေးထားပြီး အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေသူလည်း ဖြစ်သည်။

Most Read

Most Recent