ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၁၀၆၁ ခုရှိသည့်အနက် မေးခွန်း ၆၃၁ ခု ကတိဖြစ်ပေါ်ခဲ့ပြီး အဆို ၁၁ ခု အတည်ပြုနိုင်ခဲ့

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၁၀၆၁ ခုရှိသည့်အနက် မေးခွန်း ၆၃၁ ခု ကတိဖြစ်ပေါ်ခဲ့ပြီး အဆို ၁၁ ခု အတည်ပြုနိုင်ခဲ့
မတ်လ ၁ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ(ဓာတ်ပုံ-စိုးမင်းထိုက်)
မတ်လ ၁ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ(ဓာတ်ပုံ-စိုးမင်းထိုက်)
Published 2 April 2019
စိုးမင်းထိုက်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၁၀၆၁ ခုရှိသည့်အနက် မေးခွန်း ၆၃၁ ခု ကတိဖြစ်ပေါ်ခဲ့ပြီး အဆို ၁၁ ခု အတည်ပြုနိုင်ခဲ့ကြောင်း အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက လွှတ်တော်သို့တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးအထိ အစည်းအဝေး ၁၀ ကြိမ်အတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် မေးခွန်းများအနက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကတိများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်  ပထမပုံမှန်အစည်းအဝေးတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၂၃ ခု၊ ကြယ် ပွင့်မပြမေးခွန်း ၁၄ ခု၊ ဒုတိယပုံမှန်အစည်းအဝေးတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့် ပြမေးခွန်း ၈၈ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၃၄ ခု၊ တတိယပုံမှန်အစည်းအဝေးတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၅၄ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၃၂ ခု၊ စတုတ္ထပုံမှန် အစည်းအဝေးကာလတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၅၀၊ ကြယ်ပွင့်မပြမေးခွန်း ၇၆ ခု၊ ပဥ္စမပုံမှန်အစည်းအဝေးကာလတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၁၄၇ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၁၉ ခု ရှိခဲ့ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆဋ္ဌမပုံမှန်အစည်းအဝေးကာလတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၃၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၉ ခု၊ သတ္တမ ပုံမှန်အစည်းအဝေးကာလတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၆၁ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၁၂ ခု၊ အဋ္ဌမပုံမှန်အစည်း အဝေးကာလတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၅၄ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၈၇ ခု၊ နဝမပုံမှန်အစည်းအဝေးကာလတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၅၀ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၈၈ ခု၊ ဒသမ ပုံမှန်အစည်းအဝေးကာလတွင် ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၆၈ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၇၁ ခု ကတိဖြစ်ပေါ်ခဲ့သည်။

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြမေးခွန်းပေါင်း ၁၀၆၁ ခုရှိသည့်အနက် ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်း ၆၃၁ ခုရှိပြီး မေးခွန်း ၄၃၀ မှာ ကတိဖြစ်ပေါ်မှုမရှိခဲ့ကြောင်း၊ ကြယ်ပွင့်မပြမေးခွန်းအနေဖြင့် မေးခွန်းပေါင်း ၁၁၁၉ ခုရှိသည့်အနက် ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်း ၆၆၂ ခုရှိပြီး မေးခွန်း ၄၅၇ ခုမှာ ကတိဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ကြောင်း ယင်း အစီရင်ခံစာအရ သိရသည်။

ထို့အပြင် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးကာလအတွင်း  လွှတ်တော်ကိုယ်စားလှယ်များတင်သွင်းခဲ့သည့် အဆို ၁၅ ခုအနက် အဆို ၁၁ ခုအား အတည်ပြုခဲ့ပြီး အဆို လေးခုအား အတည်မပြုခဲ့ကြောင်း၊ အတည်မပြုခဲ့သည့် အဆိုများအား ပထမပုံမှန်အစည်းအဝေးတွင် တစ်ခု၊ ဒုတိယပုံမှန်အစည်းအဝေးတွင် နှစ်ခု၊ ပဥ္စမ ပုံမှန်အစည်းအဝေးတွင် တစ်ခုတို့ဖြစ်သည်။

ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ဒသမပုံမှန်အစည်းအဝေးထိ ကတိဖြစ်ပေါ်ခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၆၃၁ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၆၆၂ ခု၊ အတည်ပြုအဆို ၁၁ ခုဖြစ်ကြောင်း၊ ယခင်ပြီးစီးခဲ့သည့် ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၉၉ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၉၃ ခုနှင့် အဆိုတစ်ခု၊ စုစုပေါင်း ၁၉၃ ခုမှာ လုပ်ငန်းပြီးစီးသည့်အတွက် ပယ်ဖျက်နိုင်ခဲ့ကြောင်း ကော်မတီက အစီရင်ခံစာ တင်သွင်းထားသည်။

အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအနေဖြင့် ကတိဖြစ်ပေါ်ခဲ့သည့် အဆိုမေးခွန်းများနှင့်စပ်လျဉ်းပြီး ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေရရှိ၍ လုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေများကို ကဏ္ဍအလိုက်ခွဲခြားတင်ပြသွားမည်ဖြစ်ပြီး အားနည်းချက်၊ အားသာချက်များကို ဆက်လက်အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။