ဟဆဲဂါ၀ါနှင့်ပွဲအတွက် ပရိသတ်များမစိုးရိမ်ရန် အောင်လအန်ဆန် ပြောကြား

ဟဆဲဂါ၀ါနှင့်ပွဲအတွက် ပရိသတ်များမစိုးရိမ်ရန် အောင်လအန်ဆန် ပြောကြား
Photos : One Championship
Photos : One Championship
Published 30 March 2019

မြန်မာ MMAကစားသမား အောင်လ အန်ဆန်က မတ်(၃၁)ရက်တွင် ဂျပန်နိုင်ငံ၌ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ် ပွဲအဖြစ် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည့်ပွဲအတွက် ပရိသတ်များအနေ ဖြင့် မစိုးရိမ်ရန် ပွဲကြိုသတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။ 

One Championship သည် A New Era ဟု အမည်ပေးထားသည့် ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို  ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပခဲ့ ရာ အောင်လအန်ဆန်အပါအဝင် ယင်းပြိုင်ပွဲ၌ ထိုးသတ်မည့် ကစားသမားအများစု တက်ရောက်ခဲ့သည်။ 

အောင်လအန်ဆန်က ''ကျွန်တော့်ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲက ပြည်ပနိုင်ငံမှာ ပထမဆုံးထိုး သတ်ရမှာဖြစ်ပေမယ့် ဆယ်စုနှစ်တစ်ခုကျော်လောက် ပြည်ပနိုင်ငံတွေမှာ ထိုးသတ်ဖူးတဲ့ အတွေ့အကြုံရှိပါတယ်။ ဒါကြောင့် ပရိသတ်တွေကို မစိုးရိမ်ဖို့ ပြောချင်ပါတယ်။ အကောင်းဆုံးပြင်ဆင်ထားပြီး အကောင်းဆုံးအနေအထားလည်း ရနေပါပြီ။ ချန်ပီယံဆုကို ကာကွယ်မှာပါ''ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Most Read

Most Recent