အီတလီစီးရီးအေပွဲစဉ်(၂၉) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၂၉) ပွဲကြိုသုံးသပ်ချက်
Photo : Milan Adictos
Photo : Milan Adictos
Published 30 March 2019

အူဒီးနီးစ် နှင့် ဂျီနိုအာ (စနေည ၈း၃၀ နာရီ)

နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အူဒီးနီးစ်ဟာ ဂျီနိုအာကို အသာစီးယူထားပါတယ်။ ဒါပေမဲ့ နောက်ဆုံး (၂)ပွဲဆက်ရှုံးနိမ့်ထားတဲ့အရှိန်၊ တန်းဆင်းဇုန်က လွတ်မြောက်ရေးအတွက် ဖိအားတွေဟာ အူဒီးနီးစ်ရဲ့ဖြစ်တန်စွမ်းကို ဆွဲချဦးမလားပဲ။ ဂျီနိုအာက အူဒီးနီးစ်ထက် စုဖွဲ့မှုနဲ့ ကစားအားပိုကောင်းနေပေမယ့် အဝေးကွင်းမှာ အညံ့တွေများတတ်လို့ အူဒီးနီးစ် အမှတ်ရမယ်။

ဂျူဗင်တပ်စ် နှင့် အမ်ပိုလီ (စနေည ၁၁း၃၀ နာရီ)

ဂျီနိုအာကို အရေးနိမ့်ပြီး ရှုံးပွဲမရှိမှတ်တမ်းပျက်သုဉ်းသွားလို့ အိမ်ကွင်းမှာ ဂျူဗင်တပ်စ် သိက္ခာပြန်ဆယ်ပါလိမ့်မယ်။ စီရော်နယ်လ်ဒို မပါဝင်လို့ ဂျီနိုအာနဲ့ပွဲမှာ ဂျူဗင်တပ်စ် အရေးနိမ့်ခဲ့ရတယ်ဆိုပြီး ယူဆသူတွေရှိခဲ့သလို၊ ဒီပွဲမှာလည်း ဒဏ်ရာပြဿနာကြောင့် စီရော်နယ်လ်ဒို မပါဝင်နိုင်ခဲ့ဘူးဆိုရင် ဂျူဗင်တပ်စ် ရုန်းကန်ရဦးမယ်ထင်တယ်။ ဂျူဗင်တပ်စ် နိုင်ပွဲပြန်ရမှာ သေချာနေပေမယ့် (၂)ဂိုးထက် ပိုပြတ်၊ မပြတ်စဉ်းစားရမယ်။

ဆမ်ဒိုးရီးယား နှင့် အေစီမီလန် (တနင်္ဂနွေနံနက် ၂းဝ၀ နာရီ)

မီလန်ဒါဘီရှုံးပွဲဟာ အေစီမီလန်ရဲ့ တည်ငြိမ်မှုကို ထိခိုက်စေမလားစောင့်ကြည့်ရမယ်။ မတည်ငြိမ်တဲ့ကာလမျိုးမှာ အခုရင်ဆိုင်ရမယ့် ဆမ်ဒိုးရီးယားက ယူရိုပါလိဂ်မျှော်လင့်ချက်အတွက်  တိုက်ပွဲဝင်နေပြီး အိမ်ကွင်းမှာ ပိုပြီးကောင်းတတ်ပါတယ်။ စီးရီးအေအိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၄)ပွဲအထိ အနိုင်ရထား တဲ့ ဆမ်ဒိုးရီးယားက အေစီမီလန်ကို ဒုက္ခပေးနိုင်ပါတယ်။ ပီယွန်တက်ခ် ဂိုးသွင်းနိုင်ပေမယ့် အေစီမီလန် အမှတ်လျော့နိုင်တယ်။

 

Most Read

Most Recent