နောက်ခံလူ အာနိုးလ်ကို ခရစ္စမတ်မတိုင်မီ သက်တမ်းတိုးနိုင်မည်ဟု လီဗာပူးလ် ယုံကြည်နေ

နောက်ခံလူ အာနိုးလ်ကို ခရစ္စမတ်မတိုင်မီ သက်တမ်းတိုးနိုင်မည်ဟု လီဗာပူးလ် ယုံကြည်နေ
Photo: X
Photo: X
Published 18 November 2024

လီဗာပူးလ်အသင်းသည် အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို ခရစ္စမတ်မတိုင်မီ သက်တမ်းတိုးနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

အာနိုးလ်(၂၆ နှစ်)သည် လာမည့်နွေရာသီတွင်  လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားတစ်ဦးဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသူလည်းဖြစ်သည်။

ရီးယဲလ်အသင်းသည် အာနိုးလ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ရည်ရွယ်နေခြင်းဖြစ်ပြီး ရီးယဲလ်နည်းတူ အခြားထိပ်သီးကလပ်အသင်းအချို့ကလည်း အာနိုးလ် နှင့် လီဗာပူးလ်အသင်း၏ အခြေအနေကို စောင့်ကြည့်နေကြသည်။

လီဗာပူးလ်အသင်းသည် အာနိုးလ်ကို အနာဂတ်အသင်းခေါင်းဆောင်အဖြစ်ပင် သတ်မှတ်ထားသည့်အတွက် မြင့်မားသည့် လစာနှုန်းထားအသစ်ဖြင့် ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် လက်ရှိအချိန်၌ တစ်ပတ်လစာ ပေါင်(၁၈၀၀၀၀)သာ ရရှိနေသည့် အာနိုးလ်ကို ပရီးမီးယားလိဂ်၏ လစာအများဆုံး အင်္ဂလန်ကစားသမားဖြစ်လာစေမည့် နှုန်းထားပမာဏဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

အာနိုးလ်နှင့်အတူ ဆာလာနှင့် ဗန်ဒိုက်တို့မှာလည်း လာမည့်နွေရာသီတွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ယခုနှစ်အတွင်း သက်တမ်းမတိုးနိုင်ပါက ဇန်နဝါရီတွင် အခြားအသင်းများနှင့် ဆွေးနွေးခွင့်ပြုရမည်ဖြစ်သည်။ ထို့ကြောင့် လီဗာပူးလ်အသင်းက ခရစ္စမတ်မတိုင်မီ သက်တမ်းတိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent